close

စင်ကာပူဝန်ကြီး

close

August 20, 2021

အာဆီယံကြောင့် မြန်မာအရေး ထိရောက်သည့် တိုးတက်မှုမရှိဟု စင်ကာပူဝန်ကြီး ဝေဖန်

အာဆီယံကြောင့် မြန်မာနိုင်ငံအရေး တိုးတက်မှုဟာ မျှော်လင့်ထားသလောက် ထိရောက်မှု မရှိဘူး လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က သြဂုတ် ၂၀ ရက် သောကြာနေ့မှာ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံအများစုက မြန််မာနိုင်ငံမှာ သံတမန်ရေးအားဖြင့် တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ဖို့  အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံကို တိုက်တွန်းထားတာပါ။

နို၀င်ဘာလမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ အထူးသံတမန်ရဲ့ခရီးစဉ်အကြောင်းကို အစီရင်ခံဖို့ တိုးတက်မှုရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘလာခရစ်ရှ်နန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်က အဓိပ္ပါယ်ရှိတဲ့ ဒီခရီးစဉ်အတွက် အထူးသံတမန်ကို သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ ခွင့်ပြုပေးရမှာဖြစ်တယ်လို့လဲ သတိပေးပြောကြားလိုက်ပါတယ်။

အဓိကကျတဲ့ စမ်းသပ်မှုကတော့ အာဆီယံရဲ့အထူးသံတမန်ကို သူတို့ ဘယ်လိုဆက်ဆံမလဲ ဆိုတာပဲ လို့လည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်တက်လာပြီး ကျန်းမာရေးစနစ်ကို လွှမ်းမိုးလာတာကြောင့် ပြီးခဲ့တဲ့လတွေအတွင်း မြန်မာ့စီးပွားရေး ကျဆင်းခဲ့တာကြောင့် ဘလာခရစ်ရှ်နန်က အဆိုးတကာ့အဆိုးရွားဆုံး အခြေအနေလို့ဆိုပါတယ်။

အာဆီယံဟာ အပြုသဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးရေး လွယ်ကူချောမွေ့စေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။ အာဆီယံ (သို့) စင်္ကာပူဟာ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆွေးနွေးညှိနှိုင်းမှု ရှိ မရှိ မေးမြန်းရာမှာ ဘလာခရစ်ရှ်နန်က သူတို့ဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းသိမ်းထားတာဖြစ်ပြီး နှစ်ဖက်ကို ခွပြီး ကစားနေတာ မဟုတ်ဘူး လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ကတော့ ငါတို့ဟာ လူတိုင်းကို  ဆွေးနွေးညှိနှိုင်းမယ်ဆိုတာသိတယ် လို့လည်း ဆိုပါတယ်။ 

စီးပွားရေးပိတ်ဆို့မှုတွေဟာ သာမန်ပြည်သူတွေအတွက်သာ ဖြစ်ပေမယ့် အထီးကျန်မှုကို ကောင်းကောင်းခံနိုင်ရည်ရှိတဲ့ စစ်တပ်အာဏာပိုင်တွေအပေါ် အကန့်အသတ်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံကို အဖွဲ့ကနေ ထုတ်ပယ်တာ ဒါမှမဟုတ် ဆိုင်းငံ့တာနဲ့ ပတ်သက်ပြီး အာဆီယံအတွင်း ဆွေးနွေးမှုမရှိဘူးလို့ ဝန်ကြီးကပြောပါတယ်။ အာဆီယံဟာ အပြုသဘောဆောင်တဲ့ဆန္ဒရှိပေမယ့် ပြည်တွင်းနိုင်ငံရေးမှာ ၀င်မစွက်ဖက်ချင်ဘူးလို့လည်း စင်ကာပူဝန်ကြီးက ပြောပါတယ်။

Photo Credit- Vivian

16 mins Ago

March 2, 2021

လူသေသည်အထိ အင်အားသုံးနေတာကို ရပ်ရန် မြန်မာစစ်တပ်ကို စင်ကာပူဝန်ကြီး တောင်းဆို

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ပြန်ဖို့ နည်းလမ်းရှာရေးအတွက် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က မတ်လ ၁ ရက်မှာ သက်ဆိုင်တဲ့ ဘက်အားလုံးကို  တိုက်တွန်း လိုက်ပါတယ်။

ဒီလိုစတင်နိုင်ဖို့က သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးမှ စနိုင်မယ်လို့ ယုံကြည်တယ်လို့ သူက စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အသုံးစရိတ် အတွက် လွှတ်တော်အတွင်း ကြားနာပွဲမှာ ပြောခဲ့တာပါ။

အရပ်သားတွေအပေါ် လူသေတဲ့အထိ အင်အားသုံးတဲ့အတွက် ထိတ်လန့် တုန်လှုပ်ရတယ်လို့ လည်း ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

“ဘယ်လိုအခြေအနေမျိုးအောက်မှာ ဖြစ်ပါစေ  လက်နက်မဲ့ အရပ်သားတွေကို လူသေစေတဲ့ လက်နက်တွေကို သုံးတာဟာ ခွင့်မလွှတ်နိုင်စရာ ကိစ္စဆိုတာ ကျနော်တို့ ထပ်ပြီး အခိုင်အမာ ပြောတယ်။ မြန်မာ စစ်အာဏာပိုင်တွေအနေနဲ့ လူသေတဲ့အထိ အင်အားသုံးနေတာကို ရပ်တန်းက ရပ်ဖို့နဲ့ အတတ်နိုင်ဆုံး ချုပ်တည်းကြဖို့၊ နောက်ထပ် သွေးစွန်းတာ၊ အကြမ်းဖက်တာ သေဆုံးတာတွေ မရှိစေရေး ဟန့်တားဖို့ အခြေအနေ တင်းမာမှု လျော့ကျစေရေး ချက်ချင်း ခြေလှမ်းပြင်ဖို့ သူက ဆော်သြခဲ့ပါတယ်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ နိုင်ငံရေး အဖြေရှာဖို့ ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့အတူ ဆွေးနွေးပွဲတွေ ညှိုနှိုင်းရေးတွေမှာ မြန်မာနိုင်ငံက ဘက်ပေါင်းစုံ ပါဝင် စေ့စပ် ညှိုနှိုင်းကြဖို့ ဆော်သြတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းမှုတွေဟာ စင်ကာပူနဲ့ အာဆီယံအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်လာမယ်လို့လဲ သူက ရည်ညွှန်း ပြောဆိုပါတယ်။

ထိပ်တန်းဦးစားပေးအဖြစ် ချက်ချင်း ဆောင်ရွက် ရမှာက အကြမ်းဖက်လုပ်ရပ် အားလုံးနဲ့ လူသေတဲ့အထိ အင်အားသုံးတာ ရပ်တံ့ဖို့နဲ့ အမြန်ယိုယွင်းနေတဲ့အခြေအနေကို နောက်ပြန်ဆုတ်ဖို့ ပဲ လို့လဲ သူက ပြောပါတယ်။

ကာလရှည် မတည်ငြိမ်မှုကတော့ မြန်မာ၊ အာဆီယံနဲ့ ဒေသတွင်း တခုလုံးအတွက် ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်စေလိမ့်မယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးကို ဒီကနေ့ ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ကျင်းပမှာ ဖြစ်ပြီး မြန်မာစစ်တပ် အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ် ပြောတာကိုလည်း ဝန်ကြီးတွေက နားထောင်ကြမယ်၊ အဓိက ကျသူတွေနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို အားပေးမြှင့်တင်နိုင်ရေး အာဆီယံဟာ ပြင်ပ မိတ်ဘက်တွေ အားလုံးနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်သွားမယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဘာလာ ခရစ်ရှ်နန်က ပြောခဲ့ပါတယ်။

ဒီသတင်းကို စင်ကာပူ အခြေစိုက် သစထရိတ်တိုင်းမ်စ်သတင်းစာနဲ့  အေးရှဝမ်း သတင်းဌာန တို့က အသီးသီး ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ 

6 months Ago
Up