close

စင်ကာပူအသင်း

close

June 15, 2022

မြန်မာအသင်း စင်ကာပူကို ဂိုးပြတ်ရှုံးနိမ့်၊ အာရှခြေစစ်ပွဲမအောင်မြင်

အာရှခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွေကို ဇွန် ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအသင်းက စင်ကာပူအသင်းကို ၆ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။

ပထမပိုင်းကတည်းက စင်ကာပူအသင်းက ၃ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာ ၃ ဂိုး ထပ်သွင်းခဲ့တာပါ။

မြန်မာအသင်းအတွက် ချေပဂိုး ၂ ဂိုးကိုတော့ လူစားဝင်တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ၅၃ မိနစ်မှာတဂိုး၊ အောင်ကောင်းမာန်က ၆၆ မိနစ်မှာတဂိုး သွင်းခဲ့တာပါ။

အာရှခြေစစ်ပွဲစဉ်တွေအပြီးမှာ မြန်မာအသင်းက ၃ ပွဲကစား ၃ ပွဲစလုံးရှုံးနိမ့်ကာ အုပ်စုအောက်ဆုံးမှာ ရပ်တည်ခဲ့လို့ ခြေစစ်ပွဲလည်း မအောင်မြင်ခဲ့ပါဘူး။

အာဆီယံဒေသတွင်း အသင်းတွေထဲမှာတော့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားအသင်းတွေက အကောင်းဆုံးအုပ်စုဒုတိယ ၅ သင်းထဲ ပါဝင်ခဲ့လို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။

ဖိလစ်ပိုင်က အုပ်စုဒုတိယရပေမဲ့ အကောင်းဆုံး ၅ သင်းစာရင်းထဲမဝင်ဘဲ ကပ်လွဲခဲ့ရတာပါ။ ဗီယက်နမ်အသင်းကတော့ ဒုတိယအဆင့်မှာကတည်းက ခြေစစ်ပွဲ အောင်မြင်ထားခဲ့တာပါ။ စင်ကာပူကလည်း မြန်မာကို ဂိုးပြတ်အနိုင်ရပေမဲ့ အုပ်စုတတိယနေရာမှာပဲ ရပ်တည်ခဲ့လို့ ခြေစစ်ပွဲအောင်မြင်တဲ့ အာဆီယံအသင်း ၄ သင်းပဲ ရှိခဲ့ပါတယ်။

10 mins Ago

November 11, 2019

မြန်မာယူ-၁၉ အသင်း စင်ကာပူအသင်းကို ၈ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်အဖြစ် မနေ့ညက ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာ ယူ-၁၉ အသင်းက စင်ကာပူ ယူ-၁၉ အသင်းကို (၈-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာလူငယ်အသင်းဟာ  ခြေစွမ်းအသာနဲ့ ကစားသွားခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုး ဒုတိယပိုင်းမှာ ၇ ဂိုးသွင်းယူပြီး စင်ကာပူအသင်းကို ဂိုးပြတ် အနိုင်ရသွားတာ ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ စောကျော်အဲက ပွဲချိန် ၁၇ မိနစ်၊ ၄၉ မိနစ်နဲ့ ၆၉ မိနစ်တွေမှာ ဟက်ထရစ် ၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် အနိုင်ဂိုးတွေကိုတော့ ၇၁ မိနစ်မှာ နောင်နောင်စိုးက တဂိုး၊ ၇၆ မိနစ်မှာ ဟိန်းထက်အောင်က တဂိုး၊ ၈၅ မိနစ်မှာ ဇော်ဝင်းသိန်းက တဂိုးနဲ့ လမင်းထွေးက ပွဲပြီးခါနီး မိနစ် ၉၀ မှာ တဂိုး သွင်းပေးခဲ့တာပါ။ မြန်မာအသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တောင်ကိုရီးယားနဲ့ တရုတ်အသင်းတွေကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု တတိယနေရာသာ ရခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ခြင်းတော့ မရှိပါဘူး။ မနေ့က ကန်သွားတဲ့  တောင်ကိုရီးယား ယူ-၁၉ နဲ့ တရုတ် ယူ-၁၉ တို့ပွဲစဉ်မှာတော့ တောင်ကိုရီးယားက (၄-၁) ဂိုးနဲ့ အနိုင်ရပြီး ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။ ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာ၊ တောင်ကိုရီးယား၊ တရုတ်နဲ့ စင်ကာပူ လူငယ်အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ [caption id="attachment_356022" align="alignnone" width="712"] Photo : Myanmar Football Federation[/caption]
3 years Ago
Up