close

စစ်ကောင်စီတပ်က

close

May 31, 2022

ကလေးမြို့နယ်၊ သုံးအိမ်စုကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သုံးအိမ်စုကျေးရွာရှိ  ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက  မေလ ၃၀ ရက် ဒီနေ့ မနက်ပိုင်းကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အင်းကျော်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး နေအိမ် ဘယ်နှလုံးလောက် မီးလောင်ကျွမ်းခဲ့တယ်ဆိုတာကို  မသိရသေးဘဲ မီးခိုးတွေ အဝေးကလှမ်းမြင်နေရတယ်လို့ ဒေသခံရွာသားတွေက ဆိုပါတယ်။

သုံးအိမ်စုကျေးရွာက စစ်ဘေးရှောင်ဒေသခံတစ်ဦးက  "ရုတ်တရက်ကြီး စစ်ရှောင်ခဲ့ရတာ ရွာကိုတခါမှ စစ်ကြောင်းမထိုးဖူးဘူး။ ရွာကိုလည်းမီးရှို့နေတယ်။ အခုကတော့မီးခိုးတွေမြင်ရသလောက်ဆို တော်တော်များနိုင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်

ကလေးမြို့နယ်ကို  စစ်ကောင်စီတပ်က အင်တာနက်လိုင်းတွေဖြတ်တောက် သတင်းအမှောင်ချထားတာ  ၃လဝန်းကျင်ရှိနေပြီဖြစ်ပြီး ကလေးမြို့နယ်အတွင်း အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကာ ကျေးရွာတွေကိုလည်း မီးရှို့ ဖျက်ဆီးနေတာဖြစ်ပါတယ်။

6 hours Ago

February 5, 2022

တစ်နှစ်အတွင်း စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၃၃၀၀ ကျော်ကို အကြမ်းဖက် မီးရှို့ဖျက်ဆီး

စစ်တပ်အာဏာသိမ်းမှု တစ်နှစ်တာကာလအတွင်း  စစ်ကောင်စီတပ်တွေက နိုင်ငံတဝန်း ပြည်သူလူထုတွေရဲ့  နေအိမ်အလုံးပေါင်း  ၃၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်အထိ မြန်မာစစ်တပ်နဲ့ သူတို့နဲ့ပတ်သက်ဆက်နွှယ်တဲ့အဖွဲ့တွေက မြန်မာနိုင်ငံရဲ့ နေရာပေါင်း ၁၂၆ နေရာမှာ ပြည်သူ့နေအိမ် ၃၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီလို မီးရှို့တာတွေဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကြီးထွားလာတဲ့ ခုခံတော်လှန်မှုတွေကို တန်ပြန်ချေမှုန်းတဲ့အနေနဲ့ စစ်တပ်က ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေအဓိက မီးရှို့ဖျက်ဆီးတဲ့နေရာတွေကတော့ သူတို့ကို လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာဖြစ်ပါတယ်။

Data for Myanmar အနေနဲ့ ဒီစာရင်းတွေကို ပြုစုရာမှာတော့ အချက်အလက်ပြည့်စုံမှုမရှိတဲ့ စာရင်းတွေကို ချန်လှပ်ထားခဲ့ရတာဖြစ်တဲ့အတွက် မြေပြင်မှာ အမှန်တကယ်ဖြစ်ပေါ်ခဲ့တဲ့ ကိန်းဂဏန်းတွေက ထုတ်ပြန်ထားတဲ့ အခြေအနေထက် ပိုမိုကျော်လွန်နိုင်တာကိုလည်း အသိပေးထားပါတယ်။

စစ်ကောင်စီပြန်ကြားရေးထုတ် နေ့စဉ်သတင်းစာတွေမှာတော့  ကျေးရွာတွေကို PDF တွေက မီးရှို့ ဖျက်ဆီးတာလို့  စွပ်စွဲရေးသားထားပါတယ်။

Photo -Data For Myanmar

4 months Ago
Up