close

တစ်နှစ်အတွင်း စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၃၃၀၀ ကျော်ကို အကြမ်းဖက် မီးရှို့ဖျက်ဆီး

စစ်တပ်အာဏာသိမ်းမှု တစ်နှစ်တာကာလအတွင်း  စစ်ကောင်စီတပ်တွေက နိုင်ငံတဝန်း ပြည်သူလူထုတွေရဲ့  နေအိမ်အလုံးပေါင်း  ၃၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်အထိ မြန်မာစစ်တပ်နဲ့ သူတို့နဲ့ပတ်သက်ဆက်နွှယ်တဲ့အဖွဲ့တွေက မြန်မာနိုင်ငံရဲ့ နေရာပေါင်း ၁၂၆ နေရာမှာ ပြည်သူ့နေအိမ် ၃၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီလို မီးရှို့တာတွေဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကြီးထွားလာတဲ့ ခုခံတော်လှန်မှုတွေကို တန်ပြန်ချေမှုန်းတဲ့အနေနဲ့ စစ်တပ်က ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေအဓိက မီးရှို့ဖျက်ဆီးတဲ့နေရာတွေကတော့ သူတို့ကို လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာဖြစ်ပါတယ်။

Data for Myanmar အနေနဲ့ ဒီစာရင်းတွေကို ပြုစုရာမှာတော့ အချက်အလက်ပြည့်စုံမှုမရှိတဲ့ စာရင်းတွေကို ချန်လှပ်ထားခဲ့ရတာဖြစ်တဲ့အတွက် မြေပြင်မှာ အမှန်တကယ်ဖြစ်ပေါ်ခဲ့တဲ့ ကိန်းဂဏန်းတွေက ထုတ်ပြန်ထားတဲ့ အခြေအနေထက် ပိုမိုကျော်လွန်နိုင်တာကိုလည်း အသိပေးထားပါတယ်။

စစ်ကောင်စီပြန်ကြားရေးထုတ် နေ့စဉ်သတင်းစာတွေမှာတော့  ကျေးရွာတွေကို PDF တွေက မီးရှို့ ဖျက်ဆီးတာလို့  စွပ်စွဲရေးသားထားပါတယ်။

Photo -Data For Myanmar

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up