close

စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့

close

January 17, 2023

စဉ့်ကူးတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း ရွာစဉ်လှည့်အကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို ဒရုန်း ၃ စီး၊ ဗုံးသီး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ်အတွင်း ကျေးရွာတွေမှာ လုယက်၊ သောင်းကြမ်း၊ ခိုးဆိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး စုစုပေါင်း ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များနိုင်တယ်လို့ မဟာမိတ်အဖွဲ့တွေက ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒါ့အပြင် ဒဏ်ရာရသူတွေထဲက ထပ်မံသေဆုံးနိုင်တဲ့သူတွေလည်း ရှိပြီး ပြန့်ဖောင်နဲ့ စဉ့်ကူးမြို့ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ ကောင်းကင်တော်လှန်ရေးအင်အားစု (ပြင်ဦးလွင်ခရိုင် ပကဖ)၊ စဉ့်ကူးမြို့နယ် ပကဖ၊ ADRF တော်လှန်ရေးအင်အားစု - မတ္တရာ၊ Peacock Soldier Madaya၊ Peacock Warrior Force Madaya၊ SKY HERO - Madaya၊ Adventure - ASD တို့ ပူးပေါင်းပါဝင်ခဲ့ပြီး မဟာမိတ် ၇ ဖွဲ့က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

16 hours Ago

February 11, 2022

ကလေးမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ဝင် ၁၅ ဦး ထက်မနည်းသေဆုံး

ဖေဖော်ဝါရီ၁၀  မနက် ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့တဲ့ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာ တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

ကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို PDF (Kalay) ၊ CDF (KKG)၊ CDF (Hakha)၊ RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က CDF (Hakha) ရဲဘော် ၁ ဦး အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရပြီး  ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းရွာ နဲ့ ဟံသာဝတီရွာဘက်မှ  စစ်ကား ၃ စီး နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကူအင်အားဖြည့်ရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အရှိန်အဟုန်ကောင်းစွာ အကောင်အထည်ဖော်နေတာကြောင့် ကလေးဒေသကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာ နယ်မြေတလျှောက်မှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို လုယူတာ စတာတွေကို စစ်ကောင်စီတပ်က ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

11 months Ago
Up