close

စဉ့်ကူးတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း ရွာစဉ်လှည့်အကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို ဒရုန်း ၃ စီး၊ ဗုံးသီး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ်အတွင်း ကျေးရွာတွေမှာ လုယက်၊ သောင်းကြမ်း၊ ခိုးဆိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး စုစုပေါင်း ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များနိုင်တယ်လို့ မဟာမိတ်အဖွဲ့တွေက ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒါ့အပြင် ဒဏ်ရာရသူတွေထဲက ထပ်မံသေဆုံးနိုင်တဲ့သူတွေလည်း ရှိပြီး ပြန့်ဖောင်နဲ့ စဉ့်ကူးမြို့ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ ကောင်းကင်တော်လှန်ရေးအင်အားစု (ပြင်ဦးလွင်ခရိုင် ပကဖ)၊ စဉ့်ကူးမြို့နယ် ပကဖ၊ ADRF တော်လှန်ရေးအင်အားစု - မတ္တရာ၊ Peacock Soldier Madaya၊ Peacock Warrior Force Madaya၊ SKY HERO - Madaya၊ Adventure - ASD တို့ ပူးပေါင်းပါဝင်ခဲ့ပြီး မဟာမိတ် ၇ ဖွဲ့က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up