close

စစ်ကောင်စီတပ်နှင့် PDF

close

December 18, 2022

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနားကားလမ်းနားပေါ်က ရွှေဂျုံးဂျုံးကျရွာအား ဒီဇင်ဘာ ၁၇ ရက် မနက် ၈ နာရီလောက်မှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ နေရာသုံးနေရာမှာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ပ.က.ဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒီနောက် စစ်ကောင်စီတပ်ဟာ ကားလမ်းဘေးရှိ လည်ပြင်ကျေးရွာနဲ့ မအူကုန်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“မနက် ၈ နာရီကျော်လောက်မှာ ရွှေဂျုံးဂျုံးကျ ရွာမကို မီးရှို့နေတဲ့ အချိန်ဝင်ပစ်တယ်၊ ဝင်ပစ်ပြီးတော့ မအူကုန်းဘက်ကို ပြန်တက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်တာ၊ နှစ်ယောက်တော့‌ မြောက်တက်သွားတယ်၊ သေတဲ့သူတွေလည်း ရှိမယ်၊ အဲမှာလည်း ထပ်ဖြစ်တယ်။ မအူကုန်းရွာကို ထပ်ရောက်လာတော့လည်း မီးထပ်ရှို့တယ်၊ အဲမှာလည်း ပြန်ပြီး ဝင်ပစ်တာတွေရှိတယ်။ တိုက်ပွဲကတော့ နားလိုက်ဖြစ်လိုက်နဲ့ ပြင်းပြင်းထန်ထန်ဖြစ်တယ်၊ ညနေပိုင်း ၃ နာရီအချိန်လောက်ထိ” လို့ ပ.က.ဖ တပ်ဖွဲ့ဝင်က ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့တာကြောင့် ရွှေဂျုံးဂျုံးကျရွာမက နေအိမ် ၁၂ လုံး၊ လည်ပင်နဲ့ မအူကုန်းက နေအိမ် ၆၀ ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးလာတာနဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာနေပြည်သူတွေက နီးစပ်ရာ ကျေးတွေကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၆ ရက်ကလည်း မန္တလေး-မြစ်ကြီးနားကားလမ်းမပေါ်က ညောင်ကုန်းနဲ့ ရွှေဂျုံးဂျုံးကျရွာက နေအိမ်ပေါင်း ၂၀ ကျော်ကို မီးရှို့ခဲ့သလို လွန်ခဲ့တဲ့ ရက်တွေကလည်း ထီးချိုင့်မြို့နယ်ထဲမှာ ကျေးရွာ ၂၀ က နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

9 mins Ago

August 16, 2022

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ မင်းတိုင်ပင်ရွာကနေ ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF အဖွဲ့ပေါင်းစုံတို့  ဩဂုတ် ၁၅ ရက် မနက် ၁၁ နာရီလောက်က  ကမ္ဘားရပ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကောင်စီတပ်က အင်အား ၂၀၀ နီးပါးလောက်နဲ့  ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာလို့ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲဒေသခံရွာသားတစ်ဦးက “ကျနော်တို့ ကမ္ဘားရပ်ရွာက ဒေသခံတွေကတော့ သူတို့ မင်းတိုင်ပင်ရွာကနေ ထွက်လာပြီ သတင်းကြားကတည်းက ကျနော်တို့ရွာနဲ့ တခြား ထိန္နဲး၊ ပုထိုးသာရွာ၊ ရွာသစ်၊ ဇီးဖြူကုန်း၊ အေးကုန်း၊ နုံးတန်းစတဲ့ အနီးပတ်ဝန်းကျင် ၁၀ ရွာကျော်က ဒေသခံတွေ အကုန်ထွက်ပြေးနေရတယ်”လို့ ‌ ပြောပါတယ်။

ကမ္ဘားရပ်ရွာဟာ ‌မင်းတိုင်ပင်ရွာနဲ့ ကတ္တရာလမ်းအတိုင်းသွားမယ်ဆိုရင်  လေးမိုင်လောက်သာဝေးပြီး  တောလမ်းအတိုင်းဆိုရင် လေး မိုင်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ မင်းတိုင်ပင်ရွာကို ဩဂုတ်လ ၁၁ ရက်နေ့က လေယာဉ်ခြောက်စီးနဲ့ လာချတယ်။ အဲဒီနေ့ တိုက်ပွဲတစ်ကြိမ်ဖြစ်တယ်။ နောက် ၁၂ ရက်နေ့ တစ်ကြိမ်ဖြစ်တယ်။ နောက် ၁၄ ရက်နေ့မှာ မင်းတိုင်ပင်ကနေ ကမ္ဘားရပ်ရွာဘက်ကို စခတွေ ထွက်လာတယ်။ အဲလိုထွက်လာတဲ့အခါ ကျနော်တို့ ပုလဲ၊ ယင်းမာပင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံနဲ့ ကိုနဂါးအဖွဲ့၊ PRAအဖွဲ့တွေနဲ့  စခတပ်တွေနဲ့ ထိပ်တိုက်တိုက်ပွဲ နှစ်ကြိမ်ဖြစ်တယ်။ စခတွေအဲနေမှာ အကျဆုံးများတယ်။ သူတို့အကျဆုံးများလို့ ကမ္ဘားရပ်ရွာကို မီးရှို့တယ်။”

ဩဂုတ် ၁၅ ရက်မှာလည်း ကမ္ဘားရပ်ရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်ပွားပြီး မွန်းလွဲ ၂ နာရီလောက်မှာတော့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေ တပ်ချထားတဲ့ အင်မထီးကျေးရွာကို  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  PDF တပ်ပေါင်းစုမဟာမိတ်အဖွဲ့တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ကို ယင်းမာပင်မြို့နယ် ပြည်သူကာကွယ်ရေး အဖွဲတပ်ရင်းပေါင်စုံ၊ ပုလဲပြည်သူကာကွယ်ရေးတပ်ရင်းပေါင်းစုံနဲ့ PRAအဖွဲ့၊ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာတော်ဝင်နဂါးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

မဟာမိတ်တပ်ပေါင်းစု ခေါင်းဆောင်ဆရာပေက “ပစ်တာကတော့ ကျနော်တို့မြိုင်၊ ယင်းမာပင် ၊ ပုလဲ ၊ဆားလင်းကြီး လေးမြို့နယ်မဟာမိတ် တပ်ပေါင်းစုအဖွဲ့ သွားရောက်ပစ်ခတ်ခဲ့တာဗျ။ အထိအခိုက်ကတော့ ကျနော်တို့ ဘက်ကမရှိခဲ့ဘူး။ ရွာအပြင်ကနေ ပစ်ရတာဆိုတော့ သူတို့ဘက်အ ကျဆုံးအတိကျတော့ မပြောနိုင်သေးဘူး”လို့ ‌ပြောပါတယ်။

ဩဂုတ် ၁၁ ရက်မှ ၁၅ ရက်အထိတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်သေပြီး ထိခိုက်ဒဏ်ရာရ သူတွေလည်းရှိခဲ့သလို PDF တွေဘက်ကလည်း တယောက်ကျဆုံး နှစ်ယောက် ဒဏ်ရာရထားတယ်လို့ ပုလဲမြို့နယ်တပ်ရင်း ၂ ရဲဘော်တယောက်က ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ကျဆုံးအထိအခိုက်စာရင်း အတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီပြန်ကြားရေးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေအပါအဝင် စစ်ရေးသတင်းတွေကို  အများပြည်သူသိအောင် ထုတ်ပြန်လေ့မရှိဘဲ သတင်း အမှောင်ချထားပါတယ်။

4 months Ago
Up