close

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနားကားလမ်းနားပေါ်က ရွှေဂျုံးဂျုံးကျရွာအား ဒီဇင်ဘာ ၁၇ ရက် မနက် ၈ နာရီလောက်မှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ နေရာသုံးနေရာမှာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ပ.က.ဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒီနောက် စစ်ကောင်စီတပ်ဟာ ကားလမ်းဘေးရှိ လည်ပြင်ကျေးရွာနဲ့ မအူကုန်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“မနက် ၈ နာရီကျော်လောက်မှာ ရွှေဂျုံးဂျုံးကျ ရွာမကို မီးရှို့နေတဲ့ အချိန်ဝင်ပစ်တယ်၊ ဝင်ပစ်ပြီးတော့ မအူကုန်းဘက်ကို ပြန်တက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်တာ၊ နှစ်ယောက်တော့‌ မြောက်တက်သွားတယ်၊ သေတဲ့သူတွေလည်း ရှိမယ်၊ အဲမှာလည်း ထပ်ဖြစ်တယ်။ မအူကုန်းရွာကို ထပ်ရောက်လာတော့လည်း မီးထပ်ရှို့တယ်၊ အဲမှာလည်း ပြန်ပြီး ဝင်ပစ်တာတွေရှိတယ်။ တိုက်ပွဲကတော့ နားလိုက်ဖြစ်လိုက်နဲ့ ပြင်းပြင်းထန်ထန်ဖြစ်တယ်၊ ညနေပိုင်း ၃ နာရီအချိန်လောက်ထိ” လို့ ပ.က.ဖ တပ်ဖွဲ့ဝင်က ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့တာကြောင့် ရွှေဂျုံးဂျုံးကျရွာမက နေအိမ် ၁၂ လုံး၊ လည်ပင်နဲ့ မအူကုန်းက နေအိမ် ၆၀ ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးလာတာနဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာနေပြည်သူတွေက နီးစပ်ရာ ကျေးတွေကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၆ ရက်ကလည်း မန္တလေး-မြစ်ကြီးနားကားလမ်းမပေါ်က ညောင်ကုန်းနဲ့ ရွှေဂျုံးဂျုံးကျရွာက နေအိမ်ပေါင်း ၂၀ ကျော်ကို မီးရှို့ခဲ့သလို လွန်ခဲ့တဲ့ ရက်တွေကလည်း ထီးချိုင့်မြို့နယ်ထဲမှာ ကျေးရွာ ၂၀ က နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up