close

စစ်ကောင်စီတပ် ပစ်ခတ်မှု

close

September 6, 2022

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ၊ ၁၂ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကုန်းမော်ရွာနဲ့ ဆိတ်သာရွာတို့မှာ စက်တင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ပြည်သူများကို ရိုက်နှက် ပစ်ခတ်ကာ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ကုန်းမော်ကျေးရွာမှာ ဒေသခံပြည်သူ ၁၂ ဦး ဖမ်းဆီးခံရပြီး အသက် ၃၅ နှစ်အရွယ်အမျိုးသား ခြေထောက် သေနတ်မှန်ခဲ့ကာ အသက် ၂ နှစ်အရွယ်သမီးဖြစ်သူ တင်ပါး ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဒီဘက်မှာက ဖုန်းလိုင်းမရတာနဲ့ ပြေးနေရတာနဲ့ သတင်းကို အချိန်မီ မပြောနိုင်ဘူး။ စစ်ကြောင်းထိုးတဲ့ တပ်က တပ်မ ၂၂ က။ အရင်တခေါက် မီးရှို့ပြီး မလောင်ဘဲနဲ့ ကျန်ခဲ့တဲ့ အိမ်တွေကနေ ဝက်၊ ကြက်နဲ့ ပစ္စည်းတွေ သယ်သွားတယ်။ သေနတ်မှန်တဲ့ သားအဖကတော့ ဒဏ်ရာပြင်းထန်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတွေ နေအိမ်ကနေ ယူဆောင်သွားတဲ့ ဝက်၊ ကြက်နဲ့ ပစ္စည်းများအပါအဝင် စုစုပေါင်း ကျပ်သိန်း ၂၀၀ ဖိုးခန့် ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ စက်တင်ဘာ ၄ ရက်နေ့မှာ ဝင်ဝကျေးရွာနဲ့ ထုံးကြီးရွာကြား စခန်းချခဲ့ပြီး စက်တင်ဘာ ၅ ရက်နေ့မှာ ထုံးကြီးရွာတွင် စခန်းချကာ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက တပ်ချောင်းဝန်းကျင်မှာ ပကဖအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇွန်လ ၁၃ ရက်နေ့က ကုန်းမော်ရွာမှာ စစ်ကြောင်းထိုးပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ အိမ်ခြေ ၇၀ ကျော် မီးရှို့ကာ နွားအကောင် ၂၀ ခန့်နဲ့ ဆန်၊ ဆီတွေလည်း သယ်ဆောင်သွားခဲ့ကြပါတယ်။

30 mins Ago

July 22, 2022

မိုးမိတ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ၃ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဇူလိုင် ၂၁ ရက် နေ့က သရက်ချိုကျေးရွာဘက်ကို စစ်ကောင်စီတပ်က ညောင်နီကျေးရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ လယ်တောထဲက ကလေး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

နွား ၂ ကောင်နဲ့ လယ်ထဲ အလုပ်လုပ်နေတဲ့ အမျိုးသားတဦးနဲ့ လယ်တောထဲရောက်နေတဲ့ ကလေး ၂ ဦးတို့ဟာ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒဏ်ရာရ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"မနေ့က နေ့လယ် ၁၂ နာရီ ဝန်းကျင်က ပစ်သံအဆက်မပြတ်ကြားရတယ်။ အဲ့ဒါ လယ်တောထဲ ရောက်နေတဲ့ ကလေး ၂ ယောက်ထိမိပြီး သေသွားတယ်၊ ပြီးတော့ ဦးလေးကြီးတယောက်နဲ့ နွား ၂ ကောင်နဲ့ ထိမိပြီး သေတယ်။ ကလေးနှစ်ယောက်ဆို သူ့အမေက သူ့တို့ကို တဲမှာနေဖို့ မှာထားပြီး လယ်ထဲပတ်ကြည့်ဦးမယ်ဆိုပြီး ဘယ််လောက်မှ မဝေးသေးဘူး၊ သူ့ကလေးတွေ ထိမိပြီး ပွဲချင်းပြီး သေသွားတာ၊ ဘယ်လောက်တောင် ရင်နာလိုက်မလဲ” လို့ မိုးမိတ်မြို့ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်က ဇူလိုင် ၂၀ ရက်ညကစပြီး လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရှိရာနေရာကိုလက်နက်ကြီးကျပြီး KIA က အရာရှိ ၁ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ 

ဇူလိုင် ၂၁ ရက်နေ့ နေ့ခင်းကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်တာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ တပ်မ ၈၈ နဲ့ တွင်းငယ်အခြေစိုက် အမြောက်တပ်ရင်း တို့ တပ်ကူရောက်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လယ်တောထဲက ကလေး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ၃ ဦး ဘယ်သူတွေဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “PDF တွေက အဲ့ဘက်ရွာက လယ်သမားတွေကို လယ်ထဲမသွားဖို့ ထွန်စက်မမောင်းဖို့ သတိပေးထားပြီးသားပါ။ စက်သံနဲ့ဆိုတော့ စကစဘက်က ရဟတ်ယာဉ်တွေလာရင် အသံမကြားရမှာစိုးလို့ ဆိုပြီး၊ ဒါမယ့် ရွာကလူတွေက အားလုံးနီးပါး တောင်သူလယ်သမားချည်းပဲ ဆိုတော့ ဒါမှ မလုပ်စားရင် အဆင်မပြေကြဘူးလေ၊ နွားတွေနဲ့ သွားလုပ်ကြတာပေါ့ အဲ့မှာထိကြတာ” လို့ပြောပါတယ်။ 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်ခုပ်တန်းရပ်ကွက်နဲ့ ပလောင်ကုန်းအစပ်နားမှာ စစ်ကားနှစ်စီးရပ်ထားပြီး ယောကျာ်း​လေး မိန်းက​လေးတွေကို စစ်ဆေးနေတယ်လို့ပြောပါတယ်။ 

မိုးမိတ်မြို့မှာ ဇူလိုင် ၁ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့  SSPP တို့လထိတွေ့မှုဖြစ်ပွားပြီး နောက် ​မကြာခဏ ပစ်ခတ်သံနဲ့ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

2 months Ago
Up