close

စစ်ကောင်စီယာဥ်

close

April 16, 2022

ပခုက္ကူမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူ​မြို့၊ ဗိုလ်ချုပ်လမ်းနဲ့ အာဇာနည်လမ်းအနီးမှာ ဧပြီ ၁၅ ရက် ညနေ ၄ နာရီလောက်က မြို့တွင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဥ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Pakokku Ranger အဖွဲ့က ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku Ranger အဖွဲ့နဲ့ မဟာမိတ်ညီနောင်အဖွဲ့ ဖြစ်တဲ့ PKU မြို့ပြပြောက်ကျားအဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က  ၃ ယောက် သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အနီးအနားနေ​ဒေသခံတစ်ဦးက "မိုင်းသံက ပထမတစ်လုံးပေါက်ပြီး၊ ဒုတိယတစ်လုံးတန်းပေါက်တာ။ အဲဒါအပြီးပစ်ခတ်နေတာ ဆက်တိုက်ပဲ၊ ညအထိ စခတွေက ဆက်တိုက်ရမ်းပစ်နေတာ"လို့ ပြောပါတယ်။

စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လူနာတင်ကား ၂ စီးနဲ့အတူ စစ်ကားတစ်စီးထပ်မံ ရောက်ရှိလာတယ်လို့ သိရပါတယ်။’

မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် အနားပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေအတွက် နားလည်ပေးကြဖို့ ဒေသခံပြည်သူတွေကို  မဟာမိတ်ညီနောင်အဖွဲ့က  မေတ္တာရပ်ခံထားပါတယ်။

"ကျေနပ်တယ်။ ဘာလို့လဲဆို စစ်အာဏာရှင်ကိုစနစ်ကို ဆက်တိုက်တော်လှန်နေကြလို့"လို ဒေသခံတစ်ဦးက သူ့ ရဲ့ခံစားချက်ကို ပြောပါတယ်။

ပခုက္ကူမြို့မှာ စစ်ဆင်ရေးတွေဆက်တိုက်ဖြစ်ပေါ်နေသလို ​ဒေသခံတွေကလဲ သင်္ကြန်ကာလ အတွင်း လုံးဝရေမကစားကြဘဲ မဖြစ်မနေကလွဲရင်လမ်းပေါ်မှာတောင်လူသိပ်မရှိဘူးလို့ သိရပါတယ်။

7 mins Ago

October 18, 2021

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဥ် ၁ စီး ပစ်ခတ်ခံရပြီး ဒုဗိုလ် အပါအဝင် ၆ ဦးသေ

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်၊ ဇလုံရွာနားမှာ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးကို  အောက်တိုဘာ ၁၇ ရက်  မနေ့ညနေက  ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင်တွေက  ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က  ဒုဗိုလ်တစ်ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ အရပ်ယာဉ်တစ်စီးကို ကေအန်အယ်လ်အေ ဘီးလင်း တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်   ယာဉ်ပေါ်လိုက်ပါလာတဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းက ဒုဗိုလ် ၁ ဦး၊  အခြားအဆင့် ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဇလုတ်ကျေးရွာသား ဒေသခံ တစ်ဦးက "မနေ့ ညနေပိုင်းလောက်က ပစ်ခတ်သံတွေကြားရတယ်။ ဘယ်လောက်မှ မကြာလိုက်ဘူး။ သေတာ ၆ ဦးလို့ကြားတယ်။ အရာရှိလည်း သေတယ် ကြားတယ်။ သူတို့လူတွေကျလို့ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်ကြားတယ်"လို့ ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကေအန်ယူ တပ်မဟာ ၁ သထုံခရိုင် တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။

ကေအန်ယူ တပ်မဟာ ၁ နယ်မြေအတွင်း စစ်ကောင်စီရဲ့ တပ်နဲ့ ဘီဂျီအက်ဖ်တပ်တွေဟာ နယ်မြေကျူးကျော်ဝင်ရောက်တာ၊ ဒေသခံတွေကိုဖမ်းဆီးပြီး အတင်းအဓမ္မ ခိုင်းစေတာအပြင် လူ့အခွင့်အရေးချိုးဖောက်တာတွေ ပြုလုပ်လာတဲ့အတွက် ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ မိမိနယ်မြေလုံခြုံရေးအတွက် အစွမ်းကုန် ခုခံကာကွယ်သွားမယ်လို့ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောထားပါတယ်။

6 months Ago
Up