close

ပခုက္ကူမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူ​မြို့၊ ဗိုလ်ချုပ်လမ်းနဲ့ အာဇာနည်လမ်းအနီးမှာ ဧပြီ ၁၅ ရက် ညနေ ၄ နာရီလောက်က မြို့တွင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဥ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Pakokku Ranger အဖွဲ့က ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku Ranger အဖွဲ့နဲ့ မဟာမိတ်ညီနောင်အဖွဲ့ ဖြစ်တဲ့ PKU မြို့ပြပြောက်ကျားအဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က  ၃ ယောက် သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အနီးအနားနေ​ဒေသခံတစ်ဦးက "မိုင်းသံက ပထမတစ်လုံးပေါက်ပြီး၊ ဒုတိယတစ်လုံးတန်းပေါက်တာ။ အဲဒါအပြီးပစ်ခတ်နေတာ ဆက်တိုက်ပဲ၊ ညအထိ စခတွေက ဆက်တိုက်ရမ်းပစ်နေတာ"လို့ ပြောပါတယ်။

စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လူနာတင်ကား ၂ စီးနဲ့အတူ စစ်ကားတစ်စီးထပ်မံ ရောက်ရှိလာတယ်လို့ သိရပါတယ်။’

မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် အနားပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေအတွက် နားလည်ပေးကြဖို့ ဒေသခံပြည်သူတွေကို  မဟာမိတ်ညီနောင်အဖွဲ့က  မေတ္တာရပ်ခံထားပါတယ်။

"ကျေနပ်တယ်။ ဘာလို့လဲဆို စစ်အာဏာရှင်ကိုစနစ်ကို ဆက်တိုက်တော်လှန်နေကြလို့"လို ဒေသခံတစ်ဦးက သူ့ ရဲ့ခံစားချက်ကို ပြောပါတယ်။

ပခုက္ကူမြို့မှာ စစ်ဆင်ရေးတွေဆက်တိုက်ဖြစ်ပေါ်နေသလို ​ဒေသခံတွေကလဲ သင်္ကြန်ကာလ အတွင်း လုံးဝရေမကစားကြဘဲ မဖြစ်မနေကလွဲရင်လမ်းပေါ်မှာတောင်လူသိပ်မရှိဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up