close

စစ်ကောင်စီရေတပ်

close

March 31, 2023

ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီရေတပ်က CDM ကျောင်းဆရာများကို လိုက်လံဖမ်းဆီးနေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ပင်လယ်ဒေသတချို့မှာ အာဏာဖီဆန် CDM လုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို စစ်ကောင်စီရေတပ်က လိုက်လံဖမ်းဆီးဖို့ ရှာဖွေနေတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ကျွန်းစုမြို့နယ် ပင်လယ်ဒေသတွေမှာ စစ်ကောင်စီရေတပ်က စစ်သားတွေနဲ့ သူတို့လက်အောက်ခံ လူတချို့ကနေပြီး CDM ကျောင်းဆရာ၊ ဆရာမတွေကို ဖမ်းဆီးမလို့ဆိုပြီး လိုက်လံမေးမြန်း‌နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့ရေတပ်က စစ်သားတွေနဲ့ ပါလာတဲ့ အုပ်ချုပ်ရေးပိုင်းထဲက လူတယောက်က လိုက်မေးနေတယ်။ ဒီရွာတွေမှာ CDM လုပ်ထားတဲ့သူ ရှိမရှိပေါ့။ တကယ်လို့ ရှိတယ်ဆိုရင် ရေတပ်ကနေ ဖမ်းဖို့ရှိတယ်လို့ ပြောတယ်တဲ့။ အနီးအနားက ရွာတွေကိုလည်း ရေတပ်က စစ်သားတွေ ဝင်ပြီးစစ်ဆေးတာတွေ လုပ်‌နေတယ်” လို့ ကျေးရွာနေ ဒေသခံတဦးက ပြောပါတယ်။

အရင်ကတည်းက ကျွန်းစုမြို့နယ်ထဲရှိ ပင်လယ်ဒေသ အနီးတဝိုက်မှာ စစ်ကောင်စီရေတပ် အ‌ခြေချထားပြီး ဒေသခံတွေရဲ့ ရေလုပ်ငန်းတချို့ကို လက်ဝါးကြီးအုပ် ခြယ်လှယ်တာတွေရှိတယ်လို့ သိရပါတယ်။

ပင်လယ်ရေလုပ်ငန်း လုပ်ကိုင်သူတဦးက “ရေတပ်က ဒီပင်လယ်ပိုင်းဒေသတွေနားမှာ ရှိနေတာကြာပြီ။ ပင်လယ်ရေလုပ်ငန်းတွေမှာ လုပ်ငန်းရှင်တွေနဲ့ လက်ဝါးကြီး အုပ်ထားတာတွေရှိတယ်။ ဂျင်းကန်လုပ်ငန်းတွေမှာဆို သူတို့ရေတပ်က ခြယ်လှယ်ထားတာတွေရှိတယ်။ ရွာတွေဝင်ပြီး ဒေသခံတွေဆီက ပိုက်ဆံတောင်းတာတွေပါ ရှိနေသေးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရေတပ်က သူတို့ဂျင်းကန်အနီး ဂျင်းခရုလာကောက်တဲ့ ပင်လယ်ရေလုပ်သားတချို့ကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အခုလိုမျိုး စစ်ကောင်စီရေတပ်က ကျေးရွာတွေထဲ ဝင်ရောက်စစ်‌ဆေးမေးမြန်းနေလို့ ကျေးရွာနေ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။

4 mins Ago

October 9, 2022

ပေါက်တောမြို့နယ်တွင် စက်လှေ ၂ စီးကို စစ်ကောင်စီရေတပ် ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အောက်တိုဘာလ ၈ ရက်မနက်ပိုင်းက  ဒေသခံတွေပိုင်တဲ့ စက်လှေ ၂ စီးကို စစ်ကောင်စီရဲ့ရေတပ်ကဖမ်းဆီးသွား တယ်။

စောမဲကျီဆိပ်ကမ်းက ဒေသခံတွေရဲ့ စက်လှေ ၂ စီးကို မနေ့မနက်ပိုင်းက စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စက်လှေပေါ်မှာ ဘယ်လိုပစ္စည်းတွေ ပါတယ်ဆိုတာကို အတိအကျမသိပေမဲ့ စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်းနဲ့ ဆေးဝါးတွေ သယ်ဆောင်ခွင့် ကန့်သတ်ထားတယ်လို့  ပေါက်တောမြို့ခံ တယောက်က ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီရေတပ်က မြစ်ချောင်း၊ ပင်လယ်တွေထဲ သွားလာနေတဲ့ စက်လှေတွေကို တားမြစ် ဖမ်းဆီးပြီး ငွေညှစ်တာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီ ရေတပ် ရေယာဉ် တစီးနဲ့ ဖမ်းဆီးခံ စက်လှေ ၂ စီးဟာ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းကို ရောက်ရှိနေပြီလို့ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။

သြဂုတ်ကစပြီး  ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့  တကျော့ ပြန်တိုက်ပွဲတွေပြန်ဖြစ်ပွားနေတာပါ။

ရခိုင်မြို့အများအပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ဧည့်စာရင်း စစ်တာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး  လက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးသွားလာမရအောင် ပိတ်ဆို့ကာ  ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွ့င် ပိတ်ထားပါတယ်။

6 months Ago
Up