ပေါက်တောမြို့နယ်တွင် စက်လှေ ၂ စီးကို စစ်ကောင်စီရေတပ် ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အောက်တိုဘာလ ၈ ရက်မနက်ပိုင်းက ဒေသခံတွေပိုင်တဲ့ စက်လှေ ၂ စီးကို စစ်ကောင်စီရဲ့ရေတပ်ကဖမ်းဆီးသွား တယ်။
စောမဲကျီဆိပ်ကမ်းက ဒေသခံတွေရဲ့ စက်လှေ ၂ စီးကို မနေ့မနက်ပိုင်းက စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စက်လှေပေါ်မှာ ဘယ်လိုပစ္စည်းတွေ ပါတယ်ဆိုတာကို အတိအကျမသိပေမဲ့ စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်းနဲ့ ဆေးဝါးတွေ သယ်ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ ပေါက်တောမြို့ခံ တယောက်က ပြောပါတယ်။
ဒါအပြင် စစ်ကောင်စီရေတပ်က မြစ်ချောင်း၊ ပင်လယ်တွေထဲ သွားလာနေတဲ့ စက်လှေတွေကို တားမြစ် ဖမ်းဆီးပြီး ငွေညှစ်တာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီ ရေတပ် ရေယာဉ် တစီးနဲ့ ဖမ်းဆီးခံ စက်လှေ ၂ စီးဟာ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းကို ရောက်ရှိနေပြီလို့ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။
သြဂုတ်ကစပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ တကျော့ ပြန်တိုက်ပွဲတွေပြန်ဖြစ်ပွားနေတာပါ။
ရခိုင်မြို့အများအပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ဧည့်စာရင်း စစ်တာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး လက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးသွားလာမရအောင် ပိတ်ဆို့ကာ ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွ့င် ပိတ်ထားပါတယ်။