close

စစ်ဆန့်ကျင်ရေးဆန္ဒပြ

close

May 4, 2022

စစ်အသုံးစရိတ် တိုးမြှင့်ရန် ကြိုးစားနေသည့် ဂျပန်အစိုးရကို ပြည်သူများ ဆန္ဒပြ

ဂျပန်နိုင်ငံမှာ မေ ၃ ရက်နေ့က ကျရောက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မေ့ဖွယ်နေ့မှာ နိုင်ငံတဝန်း စစ်ဆန့်ကျင်ရေး ဆန္ဒပြကြပါတယ်။

တိုကျိုမြို့က ပန်းခြံတခုမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ လူ တသောင်းခွဲလောက် ပါဝင်ပြီး အစိုးရက စစ်အသုံးစရိတ် တိုးမြှင့်ဖို့ ကြိုးစားနေတာကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။

ဂျပန်ဟာ အတိတ်က စစ်သွေးကြွတဲ့နိုင်ငံ ဖြစ်ခဲ့ပြီး ဒီလိုနိုင်ငံမျိုးမှာ စစ်တပ်မရှိသင့်တော့ကြောင်း၊ အခုတခါ အစိုးရက စစ်အသုံးစရိတ်ကို ဂျပန်ယန်းငွေ ၅ ထွရီလီယံ (အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံ) အထိ တိုးမြှင့်ဖို့ စီစဉ်နေတာဟာ လုံးဝမှားယွင်းကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူတယောက်က ပြောပါတယ်။

ဆန္ဒပြသမား နောက်တယောက်ကလည်း လက်ယာယိမ်း အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားတွေက ဖွဲ့စည်းပုံထဲက ပုဒ်မ ၉ ကို ပြင်ဆင်ချင်နေကြပြီး ဒါကို ဂျပန်ပြည်သူတွေ အများစုက လက်မခံကြောင်း၊ ပြည်သူလူထုက ပုဒ်မ ၉ ကို မပြင်ချင်ဘူး ဆိုတာကို ဒီနေ့ဆန္ဒပြပွဲက သက်သေပါပဲလို့ ပြောသွားတာပါ။

ဒီလို ဆန္ဒပြပွဲတွေကို အိုဆာကာ အပါအဝင် တခြားမြို့တွေမှာလည်း ပြုလုပ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၇၀ တုန်းက အမေရိကန် ဦးဆောင်ရေးဆွဲပေးခဲ့တဲ့ ဂျပန်ဖွဲ့စည်းပုံထဲမှာ ပုဒ်မ ၉ ကို လူသိများပါတယ်။ ဒီပုဒ်မအရ ဂျပန်ဟာ စစ်တိုက်တာကို စွန့်လွှတ်ဖို့ ကတိပြုထားရပြီး ဒီပုဒ်မကို မပြင်ဆင်ဖို့ စစ်ဆန့်ကျင်ရေးသမားတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

28 mins Ago

March 7, 2022

ရုရှားနိုင်ငံတွင် စစ်ဆန့်ကျင်ရေးဆန္ဒပြသူ ၄၃၀၀ ကျော် ဖမ်းဆီးခံထားရ

မြို့ ၅၆ မြို့မှာ ရုရှားကျူးကျော်စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ၄၃၆၆ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဆန္ဒပြမှု စောင့်ကြည့်ရေးအဖွဲ့ OVD-Info protest monitoring group က ထုတ်ပြန်ပါတယ်။

လူဦးရေ ၂ ဒသမ ၂ သန်းရှိတဲ့ ရုရှားစတုတ္ထမြို့ကြီး ယက်ကာတာရင်ဘတ်ဂ်မှာ မနေ့က ရုရှားကျူးကျော်စစ်ဆန့်ကျင်ရေး သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၅၂၀၀ ကျော် ဆန္ဒပြခဲ့ကြတယ်လို့ ရုရှားပြည်ထဲရေးက ပြောပါတယ်။  

ဆန္ဒပြသူတွေက ‘စစ်ပွဲအလိုမရှိ၊ အရှက်တရားရှိပါ’ လို့ ကြွေးကြော်ခဲ့တာပါ။ 

အလားတူ ဆန္ဒပြပွဲတွေ ရုရှားနိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး မော်စကိုမြို့မှာ ဆန္ဒပြသူ ၁၇၀၀၊ စိန့်ပီတာစ်ဘတ်ဂ်မြို့မှာ ၇၅၀ နဲ့ အခြားမြို့ကြီးတွေမှာ ၁၀၆၁ ဦး အဖမ်းခံခဲ့ရပါတယ်။

2 months Ago
Up