ရုရှားနိုင်ငံတွင် စစ်ဆန့်ကျင်ရေးဆန္ဒပြသူ ၄၃၀၀ ကျော် ဖမ်းဆီးခံထားရ

မြို့ ၅၆ မြို့မှာ ရုရှားကျူးကျော်စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ၄၃၆၆ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဆန္ဒပြမှု စောင့်ကြည့်ရေးအဖွဲ့ OVD-Info protest monitoring group က ထုတ်ပြန်ပါတယ်။
လူဦးရေ ၂ ဒသမ ၂ သန်းရှိတဲ့ ရုရှားစတုတ္ထမြို့ကြီး ယက်ကာတာရင်ဘတ်ဂ်မှာ မနေ့က ရုရှားကျူးကျော်စစ်ဆန့်ကျင်ရေး သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၅၂၀၀ ကျော် ဆန္ဒပြခဲ့ကြတယ်လို့ ရုရှားပြည်ထဲရေးက ပြောပါတယ်။
ဆန္ဒပြသူတွေက ‘စစ်ပွဲအလိုမရှိ၊ အရှက်တရားရှိပါ’ လို့ ကြွေးကြော်ခဲ့တာပါ။
အလားတူ ဆန္ဒပြပွဲတွေ ရုရှားနိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး မော်စကိုမြို့မှာ ဆန္ဒပြသူ ၁၇၀၀၊ စိန့်ပီတာစ်ဘတ်ဂ်မြို့မှာ ၇၅၀ နဲ့ အခြားမြို့ကြီးတွေမှာ ၁၀၆၁ ဦး အဖမ်းခံခဲ့ရပါတယ်။