အစ္စရေး စစ်တပ်က ရဟတ်ယာဉ်တစီး ဇန်နဝါရီ ၃ ရက် နှောင်းပိုင်းက ပျံသန်းလေ့ကျင့်နေတုန်း နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ထဲ ပျက်ကျခဲ့တာကြောင့် ရဟတ်ယာဉ်မှူး ၂ ဦး သေဆုံးတယ်လို့ စစ်တပ်က ပြောပါတယ်။
ရဟတ်ယာဉ်ပေါ်ပါတဲ့ လေကြောင်း လေ့လာသူကတော့ ဒဏ်ရာအသင့်အတင့်ရပြီး ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။
လေယာဉ်ပျက်ကျမှုကို လေတပ်ကွပ်ကဲရေးအရာရှိက အမှုဖွင့်ထားပြီး လေ့ကျင့်ပျံသန်းမှုတွေနဲ့ Atalef ရဟတ်ယာဉ် အသုံးပြုမှုကို ယာယီဆိုင်းငံ့ဖို့ အစ္စရေးစစ်တပ်က အမိန့်ထုတ်ထားပါတယ်။