close

အစ္စရေး စစ်တပ်ရဟတ်ယာဉ်ပျက်ကျ၊ရဟတ်ယာဉ်မှူး ၂ ဦး ​သေဆုံး

အစ္စရေး စစ်တပ်က ရဟတ်ယာဉ်တစီး ဇန်နဝါရီ ၃ ရက် နှောင်းပိုင်းက ပျံသန်းလေ့ကျင့်နေတုန်း နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ထဲ ပျက်ကျခဲ့တာကြောင့်  ရဟတ်ယာဉ်မှူး ၂ ဦး ​သေဆုံးတယ်လို့ စစ်တပ်က ပြောပါတယ်။

ရဟတ်ယာဉ်ပေါ်ပါတဲ့ လေကြောင်း လေ့လာသူကတော့ ဒဏ်ရာအသင့်အတင့်ရပြီး ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျမှုကို လေတပ်ကွပ်ကဲရေးအရာရှိက အမှုဖွင့်ထားပြီး လေ့ကျင့်ပျံသန်းမှုတွေနဲ့ Atalef ရဟတ်ယာဉ် အသုံးပြုမှုကို ယာယီဆိုင်းငံ့ဖို့ အစ္စရေးစစ်တပ်က အမိန့်ထုတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up