close

စတင်အရေးယူ

close

May 8, 2023

ရန်ကုန်တွင် ဖောင်းကြွနံပါတ်ပြား အသစ်မလဲရသေးသည့်ကားများကို စတင်အရေးယူ

ရန်ကုန်မြို့မှာ ဖောင်းကြွနံပါတ်ပြားအသစ်မလဲရသေးတဲ့ ကားတွေကို မေလ ၈ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေက စတင်အရေးယူနေတယ်လို့ ယာဥ်မောင်းတွေထံက သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့က နေရာတချို့မှာ ယာဥ်ထိန်းရဲတွေက ယာဥ်တွေရဲ့နံပါတ်ပြားကို စစ်ဆေးတာ ဖမ်းဆီးတာနဲ့ ဒဏ်ရိုက်တာတွေ တွေ့လာရတာလို့ ဆိုပါတယ်။

ကိုယ်ပိုင်အိမ်စီးကားယာဥ်မောင်းတစ်ဦးက "အင်းစိန်လမ်းမှာ  စစ်နေတာ။ ကိုယ့်ကားကတော့ ပြောင်းထားပြီးသားမို့လို့မထိဘူး၊ တခြားကားတွေကိုတော့ ဖမ်းစစ်နေတာတွေ့တယ်"လို့ပြော ပါတယ်။

လက်ရှိမှာ ယာဥ်လိုင်စင်သက်တမ်းကျန်သေးတဲ့ကားအများစုက သက်တမ်းတိုးမှ နံပါတ်ပြားလဲ မယ်ဆိုပြီး ကျန်နေတာဖြစ်ပြီး အဲဒီသူတွေပဲ အဓိက အဖမ်းခံနေရတာလို့ အငှားယာဥ်မောင်းသမားတဦးက ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဌာန(ကညန)က ယာဥ်ဖောင်း ကြွနံပါတ်ပြားတွေကို ဧပြီလကုန်နောက်ဆုံးထားပြောင်းလဲတပ်ဆင်ဖို့ ညွှန်ကြားခဲ့တာရှိပါတယ်။

ပြောင်းလဲ တပ်ဆင်ရမယ့်နံပါတ်ပြားမှာ ယာဥ်မှတ်ပုံတင်ရာမြို့နယ်၊ ယာဥ်အမျိုးအစားကို ထည့်သွင်းထားတာဖြစ်ပါတယ်။

အဲဒီနံပါတ်ပြား အသစ်တွေကို မေ ၁၅ ရက်အထိ ပြောင်းလဲတပ်ဆင်တာမရှိလို့ ဖမ်းမိရင်ဒဏ်ငွေ ၅၀၀၀ ကျပ်ပေးဆောင်ရမှာဖြစ်ပြီး အဲဒီသတ်မှတ်ရက်ကျော်လို့မှ မပြောင်းရသေးရင် ယာဥ်ရဲ့ ဝှီးတက် သိမ်းယူခံရမယ်ဆိုပြီး ကညနက အသိပေးထားတယ်လို့သိရပါတယ်။

အရေးယူခံရတဲ့ ယာဥ်အနေနဲ့ နံပါတ်ပြား ပြောင်းပြီးမှသာ ဝှီးတပ်ကိုပြန်လည်ရ ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလိုအရေးယူမယ်ဆိုတဲ့အကြောင်း ယာဥ်လိုင်စင်ဝန်ဆောင်မူပေးနေတဲ့ လုပ်ငန်းအသိုင်းအဝိုင်းက နေထွက်ပေါ်နေတာဖြစ်ပြီး တရားဝင်ထုတ်ပြန်စာတော့ မတွေ့ရသေးပါဘူး။

အဲဒီလို စတင် အရေးယူနေတယ်ဆိုတာနဲ့ပတ်သက်လို့ ကညနရုံးဆီဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ 

3 mins Ago

June 10, 2020

မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးတွင် Mask မတပ်သူများကို စတင်အရေးယူ

မွန်ပြည်နယ်အတွင်းမှာ ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်လို့   Mask မတပ်တဲ့သူတွေကို မြို့နယ် ၁၀ မြို့နယ် စလုံးမှာ စတင် အရေးယူနေတယ်။ မွန်ပြည်နယ် အိမ်ပြင်ထွက်လို့  Mask မတပ်သူတွေကို အရေးယူတော့မယ်လို့ ပြည်နယ် အစိုးရအဖွဲ့က မေ ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲလို ထုတ်ပြန်ကြေညာပြီးနောက် အသိပညာပေးကာလကို ဇွန် ၁ ရက်မှ ၇ ရက်နေ့အထိ သတ်မှတ်ခဲ့ပါတယ်။ အခုအခါမှာတော့ Mask မတပ်တဲ့သူတွေကို ဇွန် ၉ ရက်နေ့က စတင် အရေးယူနေတာပါ။ အခုလို အရေးယူမှာ Mask မတပ်တဲ့သူတွေကို ထောင်ဒဏ်ငွေ ကျပ် ၃၀၀၀ ဒဏ်ရိုက်ပြီး ချုပ် Mask နှစ်ခုနှုန်းနဲ့ ပြန်လည် ပေးဝေနေတာလို့ မော်လမြိုင် စျေးကြိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က ပြောပါတယ်။ Mask မတပ်တဲ့သူတွေကို အရေးယူရာမှာ ဒဏ်ရိုက်ခံရသူရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ မှတ်ပုံတင် နံပါတ်ကိုပါ တစ်ပါတည်း ရယူထားပါတယ်။ ဒါအပြင် ဒဏ်ငွေရိုက် အရေးယူခံထားရတဲ့သူတွေကို နောက်နောင် အပြင်ထွက်တိုင်း Mask တပ်ဖို့ တစ်ခါတည်း အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ မြို့နယ်မှူး ဦးဇော်ရဲလင်းက ပြောပါတယ်။ Mask မတပ်တဲ့သူတွေကို အရေးယူတဲ့ လုပ်ငန်းစဉ်ကိုတော့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်မှ ရပ်ဆိုင်းသွားဖို့ ရှိနေပါတယ်။ အပြင်ထွက်တဲ့အခါ Mask မတပ်သူတွေကို အရေးယူတဲ့ အစီအစဉ်ကို ဒေသခံတွေက ထောက်ခံကြိုဆိုတယ်လို့  မော်လမြိုင်ဒေသခံ ကိုခိုင်ဇော်လတ်က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ Mask မတပ်တဲ့သူတွေကို အရေးယူဖို့ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး မလိုက်နာသူတွေကို ပထမအကြိမ် ဒဏ်ငွေကျပ် ၃၀၀၀၊ ဒုတိအကြိမ် ဒဏ်ငွေ ကျပ် ၃၀၀၀ နဲ့ တတိယအကြိမ် စစ်ဆေးတွေ့ရှိရင်တော့ ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ပြည်နယ် အစိုးရအဖွဲ့က အသိပေးထားပါတယ်။ ဇော်လွင်ထွဋ် 
3 years Ago
Up