close

စတာလင်

close

December 5, 2022

မိသားစုအရေးကိစ္စကြောင့် အင်္ဂလန်လူစာရင်းမှ စတာလင်နုတ်ထွက်

အင်္ဂလန်တောင်ပံတိုက်စစ်မှူး စတာလင်ဟာ မိသားစုအရေးကိစ္စတစ်ခုကြောင်း အသင်းလူစာရင်း ကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အင်္ဂလန်အသင်းနဲ့ ဆီနီဂေါပွဲစဉ်မတိုင်ခင်မှာ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ကလည်း စတာလင်ဟာ မိသားစုအရေးကိစ္စတစ်ခုကိုဖြေရှင်းဖို့ လူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းမလားဆိုတာ မသေချာသေးကြောင်း ပြောပါတယ်။
စတာလင်ဟာ ဇနီးဖြစ်သူ မီလီယန်နဲ့အတူ သားသမီး ၃ ဦးရှိပြီး ဘယ်လို အရေးကိစ္စလဲဆိုတာကတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။
အသက် ၂၇ နှစ်ရှိ ချဲလ်ဆီးကစားသမားဟာ အင်္ဂလန်အသင်းရဲ့အုပ်စုပွဲစဉ် ၂ ပွဲဆက်တိုက်ပွဲထွက်ကစားခွင့်ရခဲ့ပြီး အီရန်နဲ့ပွဲမှာ အနိုင်ဂိုးတစ်ဂိုးသွင်းပေးခဲ့ပါတယ်။ အင်္ဂလန်အသင်းမှာ နောက်ခံလူ ဘန်ဝိူက်ဟာလည်း ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်ထားပါတယ်။

9 mins Ago

November 2, 2022

တောင်ပံတိုက်စစ်က အကောင်းဆုံးခြေစွမ်းပြနိုင်သည့်နေရာဖြစ်ဟု စတာလင် ပြော

တောင်ပံတိုက်စစ်မှာ ကစားရတာက အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့နေရာဖြစ်ကြောင်း ချဲလ်ဆီး ကွင်းလယ်လူ စတာလင်က ပြောပါတယ်။

စတာလင်ဟာ သူ့ရဲ့ကစားသမားဘဝတလျှောက်မှာ တောင်ပံတိုက်စစ်နေရာမှာပဲ ကစားလာခဲ့တာ ဖြစ်ပေမဲ့ နည်းပြဂရေဟမ်ပေါ်တာလက်ထက် နောက်ပိုင်းပွဲစဉ်တွေမှာ နေရာပြောင်းလဲ ကစားနေရတာပါ။

စတာလင်ဟာ ၃ ယောက်တန်းခံစစ်ရဲ့ ဘယ်နောက်ခံအစွန်လူနေရာမှာ ကစားနေရတာပါ။ အသင်းသစ်မှာ နည်းပြရဲ့တောင်းဆိုမှုအရ ကစားရတဲ့အပေါ် ကျေနပ်မိပေမဲ့ သူ အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ နေရာကတော့ ဂိုးဧရိယာနဲ့ ပိုပြီးနီးတဲ့ တောင်ပံတိုက်စစ်နေရာသာဖြစ်ကြောင်း စတာလင်က ပြောပါတယ်။

လက်ရှိ နေရာသစ်အရ ဘောလုံးလက်ခံ ရရှိချိန်မှာ ပုံမှန်အတိုင်းတောင်ပံတိုက်စစ်မှာ နေရာယူရပေမဲ့ ဘောလုံးဆုံးရူံးချိန်မှာ ခံစစ်ကို ကူညီဖို့လိုအပ်ကြောင်း စတာလင်ကပြောပါတယ်။ စတာလင်ဟာ အခုနှစ်ရာသီအစတုန်းက မန်စီးတီးကနေ ပေါင် ၄၇ သန်းခွဲနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းသစ်မှာ ခြေစွမ်းပြဖို့ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

1 month Ago
Up