close

မိသားစုအရေးကိစ္စကြောင့် အင်္ဂလန်လူစာရင်းမှ စတာလင်နုတ်ထွက်

အင်္ဂလန်တောင်ပံတိုက်စစ်မှူး စတာလင်ဟာ မိသားစုအရေးကိစ္စတစ်ခုကြောင်း အသင်းလူစာရင်း ကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အင်္ဂလန်အသင်းနဲ့ ဆီနီဂေါပွဲစဉ်မတိုင်ခင်မှာ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ကလည်း စတာလင်ဟာ မိသားစုအရေးကိစ္စတစ်ခုကိုဖြေရှင်းဖို့ လူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းမလားဆိုတာ မသေချာသေးကြောင်း ပြောပါတယ်။
စတာလင်ဟာ ဇနီးဖြစ်သူ မီလီယန်နဲ့အတူ သားသမီး ၃ ဦးရှိပြီး ဘယ်လို အရေးကိစ္စလဲဆိုတာကတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။
အသက် ၂၇ နှစ်ရှိ ချဲလ်ဆီးကစားသမားဟာ အင်္ဂလန်အသင်းရဲ့အုပ်စုပွဲစဉ် ၂ ပွဲဆက်တိုက်ပွဲထွက်ကစားခွင့်ရခဲ့ပြီး အီရန်နဲ့ပွဲမှာ အနိုင်ဂိုးတစ်ဂိုးသွင်းပေးခဲ့ပါတယ်။ အင်္ဂလန်အသင်းမှာ နောက်ခံလူ ဘန်ဝိူက်ဟာလည်း ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up