close

စပါးစ်

close

August 15, 2022

ချဲလ်ဆီးနှင့် စပါးစ်အသင်းတို့ တဖက် ၂ ဂိုးစီ သရေကျ

ပြိုင်ဆိုင်မှုတွေ ကြီးမားခဲ့တဲ့ လန်ဒန်ဒါဘီမှာ ဧည့်သည် စပါးစ်အသင်းကို နောက်ဆုံးမိနစ်ဂိုးနဲ့ ချဲလ်ဆီးအသင်းဟာ တဖက် ၂ ဂိုးစီ  သရေတစ်မှတ် ခွဲပေးလိုက်ရပါတယ်။

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ  အဖွင့်ဂိုးကို ပွဲချိန် ၁၉ မိနစ်မှာ အိမ်ရှင်အသင်းက ရခဲ့တာဖြစ်ပြီး ချဲလ်ဆီးရဲ့ တိုက်စစ်ကို ဂိုးသမားလိုးရစ် အသည်းအသန်ကာကွယ်ရာကနေ ပေးလိုက်ရတဲ့ ထောင့်ကန်ဘောကနေ  ကူလီဘေလီက မြေမကျဘော ကန်သွင်းယူခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ စပါးစ်အသင်းက ဒေးဗီးစ်ချပေးတဲ့ ဘောလုံးကို ကွင်းလယ်လူ ဟွိုင်းဘတ်က အနိမ့်ဘောကန်သွင်းကာ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး စတာလင်က ကန်မလိုနဲ့ ညာဘက်ကို ထပ်ထုတ်ပေးတဲ့ ဘောလုံးကို နောက်ခံလူ ရီးစ်ဂျိမ်းစ်က ဂိုးသမား လိုရစ်ရဲ့ အပေါ်ကို အသာအယာ ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းအတွက် အဖိုးတန်ချေပဂိုးကိုတော့ ခြေစွမ်းပျောက်နေတဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းက   နာကျင်အချိန်ပို နောက်ဆုံးမိနစ်ကျမှ သွင်းယူပြီး တမှတ် ခွဲယူသွားတာလည်း ဖြစ်ပါတယ်။

4 mins Ago

March 18, 2020

ဂျူဗင်တပ်စ်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ရန် ပြင်ဆင်

ဂျူဗင်တပ်စ်အသင်းကတော့ အသင်းရဲ့တိုက်စစ်ကို မြှင့်တင်ဖို့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။  ဒါ့အပြင် လက်ရှိ ခြေစွမ်းပြတိုက်စစ်မှူးကြီး ရော်နယ်ဒိုလည်း ရှိနေတာကြောင့် မကြာခင်မှာ ကြောက်စရာအကောင်းဆုံး တိုက်စစ်အတွဲကို မြင်ရနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။  ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ၂၇၈ ပွဲ ကစားပြီး ၁၈၁ ဂိုး သွင်းယူပေးထားတဲ့ တိုက်စစ်မှူးဖြစ်ပြီး အသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံး ‌ဂျင်မီဂရေ့ဗ်စ့်နဲ့ ဘော်ဘီစမစ်တို့ရဲ့ သွင်းဂိုး ပိုများနေခဲ့ပါတယ်။
2 years Ago
Up