close

ချဲလ်ဆီးနှင့် စပါးစ်အသင်းတို့ တဖက် ၂ ဂိုးစီ သရေကျ

ပြိုင်ဆိုင်မှုတွေ ကြီးမားခဲ့တဲ့ လန်ဒန်ဒါဘီမှာ ချဲလ်ဆီးအသင်းဟာ ဧည့်သည် စပါးစ်အသင်းကို နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ဂိုးနဲ့ တဖက် ၂ ဂိုးစီ  သရေကျပြီး တစ်မှတ် ခွဲပေးလိုက်ရပါတယ်။

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ  အဖွင့်ဂိုးကို ပွဲချိန် ၁၉ မိနစ်မှာ အိမ်ရှင်အသင်းက ရခဲ့တာဖြစ်ပြီး ချဲလ်ဆီးရဲ့ တိုက်စစ်ကို ဂိုးသမားလိုးရစ် အသည်းအသန်ကာကွယ်ရာကနေ ပေးလိုက်ရတဲ့ ထောင့်ကန်ဘောကနေ  ကူလီဘေလီက မြေမကျဘော ကန်သွင်းယူခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ စပါးစ်အသင်းက ဒေးဗီးစ်ချပေးတဲ့ ဘောလုံးကို ကွင်းလယ်လူ ဟွိုင်းဘတ်က အနိမ့်ဘောကန်သွင်းကာ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး စတာလင်က ကန်မလိုနဲ့ ညာဘက်ကို ထပ်ထုတ်ပေးတဲ့ ဘောလုံးကို နောက်ခံလူ ရီးစ်ဂျိမ်းစ်က ဂိုးသမား လိုရစ်ရဲ့ အပေါ်ကို အသာအယာ ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းအတွက် အဖိုးတန်ချေပဂိုးကိုတော့ ခြေစွမ်းပျောက်နေတဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းက   နာကျင်အချိန်ပို နောက်ဆုံးမိနစ်ကျမှ သွင်းယူပြီး တမှတ် ခွဲယူသွားတာလည်း ဖြစ်ပါတယ်။

//
Up