close

စပါးတိုက်စစ်မှူး

close

April 19, 2023

ဟာရီကိန်းဟာ အသက်ကြီးလွန်းသလို ဈေးလည်းကြီးလွန်းကြောင်း လိုသာမက်သီးယက်စ် သုံးသပ်

စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ အသက်ကြီးလွန်းသလို ဈေးလည်းကြီးလွန်းကြောင်း ဘိုင်ယန်ဂန္ထဝင် လိုသာမက်သီးယက်စ်က သုံးသပ်သွားပါတယ်။

လာမယ့်ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူးတဦး မဖြစ်မနေ ခေါ်ယူသွားဖို့ရှိရာမှာ အသင်းဂန္ထဝင် မက်သီးယက်စ်က သုံးသပ်သွားခဲ့တာပါ။

အသက် ၃၀ ပြည့်တော့မယ့် ဟာရီကိန်းအတွက် ပေါင်သန်း ၁၀၀ ပေးရမယ်ဆိုတာ လုံးဝမတန်တဲ့ဈေးဖြစ်ပြီး နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်ကတော့ အဆင်ပြေနိုင်ကြောင်း မက်သီးယက်စ်က ပြောပါတယ်။

ဒါပေမဲ့ ဈေးနှုန်းအရ စွမ်းဆောင်နိုင်မယ့် တိုက်စစ်မှူးကတော့ ဝါဒါဘရီမင်တိုက်စစ်မှူး နီကလပ်ဖူးခရက်ချ်ဖြစ်ပြီး ပေါင်သန်း ၂၀ လောက်နဲ့ တရာသီမှာ ၂၅ ဂိုးလောက်တော့ သွင်းယူပေးနိုင်လိမ့်မယ်လို့ လိုသာမက်သီးယက်စ်က သုံးသပ်သွားပါတယ်။

28 mins Ago

March 10, 2023

အဆင့် ၄ ဝင်ရန်သာ တိုက်ပွဲဝင်နေရမှုက လုံလောက်မှုမရှိဟု စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ပြော

အဆင့်လေးအတွင်းဝင်ရောက်နိုင်ဖို့ပဲ တိုက်ပွဲဝင်ရတဲ့ အခြေအနေဟာ စပါးအသင်းအတွက် လုံလောက်မူမရှိကြောင်း တိုက်စစ်မှူးဟယ်ရီကိန်းက ပြောပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ကြားရက်က အေစီမီလန်ကိုရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကထွက်ခဲ့ရသလို အဲဒီမတိုင်ခင်က အက်ဖ်အေဖလားပွဲစဉ်မှာလည်း ရှက်ဖီးလ်ယူနိုက်တက်ကိုရှုံးပြီး ပြိုင်ပွဲကနေထ ထွက်ခဲ့ရတာပါ။

အသင်း တစ်သင်းအနေနဲ့ ဆုဖလားတွေရယူနိုင်သင့်ပြီး  အမြဲတမ်းရည်မှန်းချက်ထားရမှာဖြစ် ကြောင်း၊ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ပဲ တိုက်ပွဲဝင်နေရတာက အောင်မြင်ခဲ့သည်ရှိဦးတော့ လုံ လောက်တဲ့ စွမ်းဆောင်ရည်မဟုတ်ကြောင်း ဟယ်ရီကိန်းကပြောပါတယ်။

စပါးအသင်းဟာ ဆုဖလားနဲ့ ဝေးကွာနေတာ ၁၅ နှစ်ခန့်ကြာမြင့်နေပြီး တိုက်စစ်မှူးဟယ်ရီကိန်းဟာလည်း ဆုဖလားရယူဖူးခြင်း မရှိသေးတာဖြစ်ပါတယ်။

1 month Ago
Up