close

စပိန်ရဲ

close

December 24, 2022

FBI အလိုရှိဆုံး တရားခံပြေး ၁ ဦးကို စပိန်ရဲဖမ်းဆီးရမိ

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့ အလိုအရှိဆုံး တရားခံပြေး ၁၀ ယောက်ထဲက တယောက်ကို မက်ဒရစ်မြို့ရှိ ဟိုတယ်တစ်ခုမှာ အထောက်အထားအတုနဲ့ တည်းခိုနေသူစဉ်  စပိန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။  

နယူးဇီလန်နိုင်ငံသား M.J.P. ဟာ ကလေးညစ်ညမ်းရုပ်ပုံစာပေ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရပြီးနောက်မှာ အမေရိကန်ကနေ ထွက်ပြေးခဲ့တာပါ။

သူဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကြား အသက်မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေကို လိမ်လည်လှည့်ဖျား စုဆောင်းပြီးတော့ ညစ်ညမ်း ရုပ်/သံ ထုတ်လွှင့်ရေးမှာ ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

သူဟာ အဲလိုနည်းလမ်းတွေကနေ ဒေါ်လာ ၁၇ သန်းကျော် ရရှိခဲ့ပါတယ်။ သူဟာ မော်ဒယ်လ်အလုပ်အကိုင်တွေ ကမ်းလှမ်းတဲ့ အွန်လိုင်းကြော်ငြာတွေ လုပ်ဆောင်ပြီး အဲဒီကနေ ညစ်ညမ်းရုပ်/သံ ရိုက်ကူးရေးတွေ ဖြစ်လာခဲ့တာပါ။ 

FBI ရဲ့ အလိုအရှိဆုံးစာရင်းမှာ ရာဇ၀တ်ကောင် ၅၇ ယောက်ကိုသာ အမေရိကန်ပြင်ပမှာ ဖမ်းဆီးရမိထားပြီး ဒါဟာ စပိန်မှာ ပထမဆုံးအကြိမ်ဖြစ်ရပ်ပဲလို့ စပိန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

6 mins Ago

September 16, 2022

ဥရောပ၏ ငွေကြေးခဝါချမှုဂိုဏ်းခေါင်းဆောင်ကို စပိန်ရဲဖမ်းဆီး

စပိန်နိုင်ငံတောင်ပိုင်း ကိုစ်တာ-ဒလ်-ဆိုလ် မူးယစ်ဆေးဝါးဂိုဏ်းနဲ့ ဆက်စပ်မှုရှိပြီး စားသောက်ဆိုင် တွေမှာ တန်ဖိုးကြီး ဗော့ဒ်ကာအရက် ရောင်းချခြင်းကို ဟန်ပြလုပ်ကိုင်နေတဲ့ ဥရောပရဲ့အကြီးဆုံး ငွေကြေးခဝါချမှု ဂိုဏ်းတခုရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးမိခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ 

ဂိုဏ်းရဲ့ထိပ်တန်းခေါင်းဆောင်လည်းဖြစ်၊ စပိန်မှာ လှုပ်ရှားမှုခေါင်းဆောင်လည်းဖြစ်တဲ့ ဂျွန်-ဖရန်စစ်-မော်ရစ်ဆေးဟာ စက်တင်ဘာ ၁၂ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာကို ပြောပါတယ်။ 

ဖမ်းမိတာ စပိန်မှာ ၃ ယောက်၊ အင်္ဂလန်မှာ ၁ ယောက် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

"Whitewall" လို့ လူသိများတဲ့ နိုင်ငံတကာ ယူရိုပိုလ် စစ်ဆင်ရေးအတွင်း ဂိုဏ်းကို ဖျက်သိမ်းခဲ့ကြောင်း သူတို့က ပြောပါတယ်။  

မော်ရစ်ဆေးဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား လှုပ်ရှားနေတဲ့ အိုင်ယာလန် "Kinahan Clan" အဖွဲ့နဲ့ အဆက်အသွယ်ရှိပြီး ရာဇ၀တ် အဖွဲ့အစည်းတွေဆီက ငွေအမြောက်အမြား ကောက်ယူဖို့ ရည်စူးထားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ယူကေ အမျိုးသားရာဇ၀တ်မှု အေဂျင်စီ၊ အိုင်ယာလန် အမျိုးသားရဲတပ်ဖွဲ့၊ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့၊ ဒတ်ခ်ျ ရဲတပ်ဖွဲ့နဲ့ ယူရိုပိုလ် ရဲ့  ဘဏ္ဍာရေးနဲ့စီးပွားရေးဆိုင်ရာ ရာဇ၀တ်မှုတပ်ဖွဲ့ တို့မှ ပံ့ပိုးပေးတဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးမိခဲ့တာပါ။ 

3 months Ago
Up