FBI အလိုရှိဆုံး တရားခံပြေး ၁ ဦးကို စပိန်ရဲဖမ်းဆီးရမိ

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့ အလိုအရှိဆုံး တရားခံပြေး ၁၀ ယောက်ထဲက တယောက်ကို မက်ဒရစ်မြို့ရှိ ဟိုတယ်တစ်ခုမှာ အထောက်အထားအတုနဲ့ တည်းခိုနေသူစဉ် စပိန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံသား M.J.P. ဟာ ကလေးညစ်ညမ်းရုပ်ပုံစာပေ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရပြီးနောက်မှာ အမေရိကန်ကနေ ထွက်ပြေးခဲ့တာပါ။
သူဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကြား အသက်မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေကို လိမ်လည်လှည့်ဖျား စုဆောင်းပြီးတော့ ညစ်ညမ်း ရုပ်/သံ ထုတ်လွှင့်ရေးမှာ ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သူဟာ အဲလိုနည်းလမ်းတွေကနေ ဒေါ်လာ ၁၇ သန်းကျော် ရရှိခဲ့ပါတယ်။ သူဟာ မော်ဒယ်လ်အလုပ်အကိုင်တွေ ကမ်းလှမ်းတဲ့ အွန်လိုင်းကြော်ငြာတွေ လုပ်ဆောင်ပြီး အဲဒီကနေ ညစ်ညမ်းရုပ်/သံ ရိုက်ကူးရေးတွေ ဖြစ်လာခဲ့တာပါ။
FBI ရဲ့ အလိုအရှိဆုံးစာရင်းမှာ ရာဇ၀တ်ကောင် ၅၇ ယောက်ကိုသာ အမေရိကန်ပြင်ပမှာ ဖမ်းဆီးရမိထားပြီး ဒါဟာ စပိန်မှာ ပထမဆုံးအကြိမ်ဖြစ်ရပ်ပဲလို့ စပိန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။