close

စမ်းသပ်

close

April 24, 2023

ဗြိတိန်အစိုးရက နိုင်ငံတော်အရေးပေါ်သတိပေးစနစ်သစ် စမ်းသပ်

ဗြိတိန်အစိုးရက နိုင်ငံတော် အရေးပေါ်သတိပေးစနစ်အသစ်အတွက် စမ်းသပ်နေချိန်မှာ ဗြိတိန်နိုင်ငံတဝန်း  သန်းပေါင်း များစွာသော စမတ်ဖုန်းတွေမှာ ဧပြီ ၂၃ ရက်က အချက်ပေးသံထွက်ပေါ်လာခဲ့ပါတယ်။ 

မီးလောင်၊ ရေကြီးခြင်း ဒါမှမဟုတ် တိုက်ခိုက်မှုတွေ အပါအဝင် အန္တရာယ်ရှိတဲ့ အခြေအနေတွေကို သတိပေးတဲ့ စနစ်ကို စမ်းသပ်ခဲ့တာပါ။ 

4G နဲ့ 5G ကွန်ရက်တွေကို သုံးနေတဲ့ စက်တွေအားလုံးမှာ စမ်းသပ်မှု သတိပေးချက်ကို 1400GMT မှာ အသံမြည်ဖို့ စီစဉ်ထားပေမယ့် တချို့စက်ပစ္စည်းတွေမှာ စမ်းသပ်မှု သတိပေးချက်ကို ကြိုတင်ပိတ်ထားနိုင်မှာပါ။

တပ်လှန့် အချက်ပေးသံဟာ ၁၀ စက္ကန့်ကြာ အသံမြည်ပြီး ဘယ်လုပ်ဆောင်ချက်မှ မလိုအပ်ကြောင်း ဖုန်းသုံးသူတွေကို အသိပေးတဲ့ မက်ဆေ့ချ်ကို ပြသခဲ့ ပါတယ်။

ဖုန်းသုံးသူ တချို့က သူတို့ရဲ့ စက်ပစ္စည်းတွေမှာ မက်ဆေ့ချ်ကို မပြတာ ဒါမှမဟုတ် အသံမမြည်တာတွေ ဖြစ်ခဲ့ပြီး တချို့ကတော့ တပ်လှန့်သံ စောပြီး မြည်တာတွေ ဖြစ်ခဲ့တာကို အစီရင်ခံခဲ့တယ်လို့ ဘီဘီစီကမ္ဘာ့သတင်းမှာ ဖော်ပြထားပါတယ်။

7 mins Ago

February 10, 2023

ရွေးကောက်ပွဲအတွက် အီလက်ထရောနစ်မဲပေးစနစ် စစ်ကောင်စီစမ်းသပ်

စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စမ်းသပ်တည်ဆောက်ထားတဲ့  အီလက်ထရောနစ်မဲပေးစနစ် Myanmar Electronic Voting Machine (MEVM)နဲ့  စမ်းသပ်မဲပေးမှုကို အာဏာသိမ်းစစ်ခေါင်းဆောင်က လာရောက်ကြည်ရှုစစ်ဆေးခဲ့တယ်လို့  စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ တာဝန်ရှိသူတွေက (MEVM) စနစ် တည်ဆောက်ထားရှိမှုနဲ့ ပတ်သက်ပြီးရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၉ ရက် ညနေက နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာပြုလုပ်ရာမှာ  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း စစ်ကောင်စီဝင်တွေ တက်ရောက်ကြည့်ရှုခဲ့ကြတယ်လို့ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက MEVM စမ်းသပ်တည်ဆောက် ထားရှိမှုနှင့်ပတ်သက်ပြီး ထိန်းချုပ်စက် (Control Unit)၊ ဆန္ဒပြုစက် (Ballonting Unit – Main, Extension)၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit)၊ မဲပုံးနဲ့ ဘထ္ထရီတွေ ဖွဲ့စည်းတည်ဆောက် ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားတဲ့စက်နဲ့ အသုံးပြုရတဲ့ ရည်ရွယ်ချက်၊ အရေအတွက်အများအပြားထုတ်လုပ်ဖို့ ပြင်ဆင်ရမယ့်အချက်တွေကိုရှင်းပြရာမှာ စစ်ခေါင်းဆောင်က လိုအပ်တာတွေကို မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ်လို့ အကြိမ်ကြိမ်ပြောနေပေမဲ့ ဘယ်တော့ကျင်းပမယ်ဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

လက်ရှိမြန်မာနိုင်ငံအနှံ့အပြားမှာ တော်လှန်ရေးအင်အားစုတွေက ခုခံတွန်းလှန်စစ်ပွဲ ဆင်နွှဲနေကြရာမှာ  နယ်မြေအတော်များများကို တဖြည်းဖြည်း ပိုမိုထိန်းချုပ်လာနေပြီး စစ်ကောင်စီစဉ်တဲ့ အတုအယာင်ရွေးကောက်ပွဲဟာ ၂၀၂၃ ဒီနှစ်ထဲမှာ ကျင်းပနိုင်တော့မှ မဟုတ်ဘူးလို့ နိုင်ငံရေးသမားတွေကသုံးသပ်နေကြပါတယ်။

စစ်ကောင်စီကတော့  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ကြေညာထားပြီး  ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီတချို့လည်း မှတ်ပုံပြန်တင်နေကြတယ်။

လာမယ့်ရွေးကောက်ပွဲကျင်းပရာမှာ PR စနစ်ကျင့်သုံး ဆောင်ရွက်မယ်လို့ ကြေညာထားသလို မဲဆန္ဒရှင်စာရင်းရဲ့အခြေခံ မြေပြင်လူဦးရေစာရင်းတွေ ကောက်ယူခဲ့ရာမှာ ဆောင်ရွက်ပြီးစီးမှုပမာဏ ၈၆ ဒသမ ၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ကြောင်း၊ အိမ်ထောင်စု တစ်သန်း ခုနစ်သိန်းကျော် ကောက် ယူဖို့ ကျန်ရှိနေသေးတယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်ကပြောထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစီးကျင်းပခွင့်မရှိကြောင်းနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်အင်အားစုတွေက တုံ့ပြန်ထားကြပါတယ်။

အခုစစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ  မြန်မာပြည် ရွေးကောက်ပွဲအဆက်ဆက်မှာ ဂုဏ်သိက္ခာနဲ့ တန်ဖိုးအမဲ့ဆုံး ရွေးကောက်ပွဲဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောကြားထားပါတယ်။

Photo-MOI

2 months Ago
Up