ဗြိတိန်အစိုးရက နိုင်ငံတော်အရေးပေါ်သတိပေးစနစ်သစ် စမ်းသပ်

ဗြိတိန်အစိုးရက နိုင်ငံတော် အရေးပေါ်သတိပေးစနစ်အသစ်အတွက် စမ်းသပ်နေချိန်မှာ ဗြိတိန်နိုင်ငံတဝန်း သန်းပေါင်း များစွာသော စမတ်ဖုန်းတွေမှာ ဧပြီ ၂၃ ရက်က အချက်ပေးသံထွက်ပေါ်လာခဲ့ပါတယ်။
မီးလောင်၊ ရေကြီးခြင်း ဒါမှမဟုတ် တိုက်ခိုက်မှုတွေ အပါအဝင် အန္တရာယ်ရှိတဲ့ အခြေအနေတွေကို သတိပေးတဲ့ စနစ်ကို စမ်းသပ်ခဲ့တာပါ။
4G နဲ့ 5G ကွန်ရက်တွေကို သုံးနေတဲ့ စက်တွေအားလုံးမှာ စမ်းသပ်မှု သတိပေးချက်ကို 1400GMT မှာ အသံမြည်ဖို့ စီစဉ်ထားပေမယ့် တချို့စက်ပစ္စည်းတွေမှာ စမ်းသပ်မှု သတိပေးချက်ကို ကြိုတင်ပိတ်ထားနိုင်မှာပါ။
တပ်လှန့် အချက်ပေးသံဟာ ၁၀ စက္ကန့်ကြာ အသံမြည်ပြီး ဘယ်လုပ်ဆောင်ချက်မှ မလိုအပ်ကြောင်း ဖုန်းသုံးသူတွေကို အသိပေးတဲ့ မက်ဆေ့ချ်ကို ပြသခဲ့ ပါတယ်။
ဖုန်းသုံးသူ တချို့က သူတို့ရဲ့ စက်ပစ္စည်းတွေမှာ မက်ဆေ့ချ်ကို မပြတာ ဒါမှမဟုတ် အသံမမြည်တာတွေ ဖြစ်ခဲ့ပြီး တချို့ကတော့ တပ်လှန့်သံ စောပြီး မြည်တာတွေ ဖြစ်ခဲ့တာကို အစီရင်ခံခဲ့တယ်လို့ ဘီဘီစီကမ္ဘာ့သတင်းမှာ ဖော်ပြထားပါတယ်။