close

စာချုပ်သက်တမ်းတိုး

close

December 25, 2022

ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် မက်ဆီ သဘောတူ

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရသွားပါတယ်။ 

မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ လက်ရှိစာချုပ်သက်တမ်းက အခုနှစ်ရာသီ အကုန်မှာ ကုန်ဆုံးမှာပါ။ 

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ စာချုပ်သက်တမ်းတိုးဖို့ မက်ဆီဘက်က ခေါင်းညိတ်ခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင်လည်း ပါဝင်တယ်လို့ သိရပါတယ်။ 

ဒါကြောင့် မက်ဆီဟာ ၂၀၂၅ ခုနှစ်အထိ ပီအက်စ်ဂျီမှာ ဆက်ရှိနိုင်ပါတယ်။ ဘာစီလိုနာဘက်က မက်ဆီကို ပြန်ခေါ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ကမ်းလှမ်းမူတော့မရှိခဲ့ဘူးလို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

မက်ဆီဘက်ကလည်း ပဲရစ်မှာအဆင်ပြေနေတာကြောင့် ဘာစီလိုနာကိုပြန်သွားဖို့ စိတ်ကူး မရှိတော့ကြောင်း စပိန်ဂျာနယ်လစ် ဂီလင်ဘာလာဂေ့ချ်က ဘီဘီစီအားကစားအစီအစဉ်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

55 mins Ago

December 20, 2022

မက်ဆီကို စာချုပ်သက်တမ်းတိုးမည်ဟု ပီအက်စ်ဂျီဥက္ကဋ္ဌပြော

မက်ဆီကိုစာချုပ်သက်တမ်းတိုးဖို့ ပြောဆိုပြီးသားဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခါလီဖီ ကပြောပါတယ်။

မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လို;အပ်နေတာပါ။

ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ မက်ဆီနဲ့တွေ့ဆုံခဲ့တဲ့ အသင်းဥက္ကဋ္ဌ အယ်ခါလီဖီကတော့  နိုင်ငံအသင်းတာဝန်ကနေပြန်လာချိန်မှာ စာချုပ်ကိစ္စဆွေးနွေးဖို့ ပြောဆိုပြီးသား ဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။

ပီအက်စ်ဂျီအသင်းအနေနဲ့ စာချုပ်ပါသဘောတူညီချက်အရ မက်ဆီကို တစ်နှစ်သက်တမ်းတိုးခွင့်ရှိပေမယ့် ကစားသမားရဲ့ဆန္ဒကိုလည်း မေးမြန်းသွားဖို့ရှိ နေတာပါ။

မက်ဆီလို ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးကစားသမားကို သက်တမ်းတိုးဖို့ ပြောပြီး သားဖြစ်သလို ဂိုးသွင်းဘုရင် အမ်ဘာပေကိုလည်း ဆက်ထိန်းသွားမယ်လို့ အသင်းဥက္ကဋ္ဌ အယ်လ်ခါလီဖီက ပြောသွားပါတယ်။ 

5 days Ago
Up