ကွယ်လွန်သွားတဲ့ စာရေးဆရာ အကြည်တော်ရဲ့ စျာပနအခမ်းအနားကို ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီက ရေဝေးသုသာန်မှာကျင်းပခဲ့ပါတယ်။
အကြည်တော်ရဲ့ နောက်ဆုံးခရီးကို သူ့ရဲ့စာဖတ်ပရိသတ်တွေ၊ စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့အနုပညာ လောကသားတွေ အများအပြားလာရောက်ပို့ဆောင်ခဲ့ကြပါတယ်။
အကြည်တော်ဟာ အစာရေမြိုကင်ဆာရောဂါဝေဒနာ ခံစားရကြောင်းသိရှိပြီး ၂ လအကြာ နိုဝင်ဘာ ၉ ရက်ညက ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာပါ။
စာရေးဆရာအကြည်တော်ဟာ လုံးချင်းဝတ္ထုပေါင်း ၁၀၀ နီးပါးကို ရေးသားခဲ့ပြီး အဲ့ဒီထဲက အချို့ကို ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ကြပြီး အောင်မြင်ခဲ့ပါတယ်။
စာရေးဆရာအကြည်တော်နဲ့ ဂီတပညာရှင်များစုပေါင်းပြီး ကဗျာ ဂီတနဲ့ Orchestraအနုပညာ ၃ ရပ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးပေါင်းစပ်ပြီး ကဗျာဂီတ အယ်လ်ဘမ်ကိုလည်း မကွယ်လွန်မီ ထုတ်ဝေခဲ့ပါသေးတယ်။
အကြည်တော်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့ စာပေလက်ရာတွေထဲမှာ သူခိုး လုံးချင်းဝတ္ထုက လူကြိုက်များထင်ရှားခဲ့ပါတယ်။
အကြည်တော်ဟာ ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီခွဲက အစာရေမြိုကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
လူကြီးသရုပ်ဆောင်ဖြစ်ပေမဲ့ ဆရာအကြည်တော်ရဲ့ ကျောက်သင်ပုန်းတွေမိုးထားတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် သရဲကြီးက “အမှတ်တရကတော့ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်ပေါ့။ ငယ်ငယ်ပဲ ရှိသေးတယ်ဗျာ၊ လောကကြီးကို နှုတ်ဆက်သွားတော့ စိတ်ထဲမကောင်းဘူး။ ဆရာရဲ့ဝတ္ထုတွေက အများကြီးရှိသေးတယ်၊ ဇာတ်ကားရိုက်စရာတွေ ကျန်သေးတယ်” လို့ ပြောပါတယ်။
ဟာသစာရေးဆရာအကြည်တော် ဂူသွင်းသင်္ဂြိုဟ်အခမ်းအနားကို ရုပ်ရှင်လောကသားများနဲ့ စာပေအနုပညာရှင်တွေအပြင် စာဖတ်ပရိသတ်တွေပါ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ကွယ်လွန်သွားတဲ့ စာရေးဆရာ အကြည်တော်ကို မနက်ဖြန် နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းမှာ ရေဝေးသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
မြန်မာစာပေလောကမှာ ထင်ရှားတဲ့ နာမည်ကြီး စာရေးဆရာတယောက်ဖြစ်တဲ့ အကြည်တော်ဟာ နိုဝင်ဘာ ၉ ရက် ည ၈ နာရီခွဲမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာပါ။
တောင်ဒဂုံနေအိမ်ကနေ နေ့လယ် ၂ နာရီမှာ ကားတွေထွက်ခွာမှာဖြစ်ပြီး ဆရာအကြည်တော်ကို ဂူသွင်းသင်္ဂြိုဟ်မယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
အကြည်တော်ဟာ ပြီးခဲ့တဲ့လတွေကတည်းက ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုမှုခံယူဖို့ သွားရောက်ခဲ့ပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စာရေးဆရာ အကြည်တော်ဟာ ထင်ရှားတဲ့ ဟာသလုံးချင်း ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့တဲ့ နာမည်ကျော် စာရေးဆရာတယောက်ဖြစ်ပြီး မကြာသေးခင်ကပဲ သူကိုယ်တိုင် ဖန်တီးထားတဲ့ ကဗျာနဲ့ဂီတ ပေါင်းစပ်ထားတဲ့ “ကဗျာဂီတ အယ်လ်ဘမ်” ကို ဖြန့်ချိခဲ့ပါသေးတယ်။
အကြည်တော်ဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်လောက်ကတည်းက ကိုကိုကြီး ကလောင်အမည်နဲ့ စာပေလောကကို စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်က စတင်ကာ အကြည်တော် အမည်နဲ့ လုံချင်းဝတ္ထုတွေ စတင်ရေးသားခဲ့ရာကနေ တစတစ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။
သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲက ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်သည် ငိုတတ်သည်၊ ဘီလူး၊ ရွှေမိုးသည်း စတဲ့စာအုပ်တွေကတော့ ပရိသတ်တွေကြား ထင်ရှားပြီး ရုပ်ရှင်အနေနဲ့ ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့တဲ့ဝတ္ထုတွေ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အကြည်တော်ရဲ့ နာရေးသတင်းအပေါ် ပရိသတ်တွေကရော၊ စာပေအနုပညာအသိုင်းအဝိုင်းကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေနေကြပါတယ်။
မြန်မာစာပေလောကမှာ ထင်ရှားတဲ့ နာမည်ကြီး ဟာသစာရေးဆရာတယောက်ဖြစ်တဲ့ အကြည် တော်ဟာ နိုဝင်ဘာ ၉ ရက် ည ၈ နာရီခွဲအချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
အကြည်တော်ဟာ ပြီးခဲ့တဲ့ လတွေကတည်းက ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုမှုခံယူဖို့ သွားခဲ့ရပြီး မြန်မာပြည်ပြန်ရောက်ချိန်မှာလည်း ရန်ကုန်မြို့က ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၀ အရွယ်ရှိနေပြီ ဖြစ်တဲ့ စာရေးဆရာ အကြည်တော်ဟာ ထင်ရှားတဲ့ ဟာသလုံးချင်း ဝတ္ထုပေါင်း များစွာကို ရေးသားခဲ့တဲ့ နာမည်ကျော် စာရေးဆရာတယောက်ဖြစ်ပြီး မကြာသေးခင်ကပဲ သူကိုယ်တိုင် ဖန်တီးထားတဲ့ ကဗျာနဲ့ ဂီတ ပေါင်းစပ်ထားတဲ့ "ကဗျာဂီတ အယ်လ်ဘမ်" ကို ဖြန့်ချိခဲ့ပါသေးတယ်။
အကြည်တော်ဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်လောက်ကတည်းက ကိုကိုကြီး ကလောင်အမည်နဲ့ စာပေလောကကို စတင် ဝင်ရောက်လာခဲ့ပြီး ၂၀၀၃ ခုနှစ်က စတင်ကာ အကြည်တော် အမည်နဲ့ လုံချင်းဝတ္ထုတွေ စတင် ရေးသားခဲ့ရာကနေ တစတစ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။
သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲက ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်သည် ငိုတတ်သည်၊ ဘီလူး၊ ရွှေမိုးသည်းစတဲ့ စာအုပ်တွေကတော့ ပရိသတ်တွေကြား ထင်ရှားပြီး ရုပ်ရှင်အနေနဲ့ ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့တဲ့ ဝတ္ထုတွေ ဖြစ်ခဲ့ပါတယ်။
လတ်တလောမှာတော့ အကြည်တော်ရဲ့ နာရေးသတင်းအပေါ် ပရိသတ်တွေကရော၊ စာပေအနုပညာအသိုင်းအဝိုင်းကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေမှုတွေ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။