close

စားနပ်ရိက္ခာပြတ်လပ်

close

September 6, 2022

ပါကစ္စတန်တွင် နှစ်လကျော်ကြာ ရေကြီးရေလျှံပြီးနောက် စားနပ်ရိက္ခာပြတ်လပ်မှု ရင်ဆိုင်နေရ

ပါကစ္စတန်နိုင်ငံမှာ နှစ်လကျော်ကြာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးနောက် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ရင်ဆိုင်နေရရုံသာမက ငတ်မွတ်ခေါင်းပါးမှုနဲ့ ကူးစက်ရောဂါတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

အခုချိန်အထိ ရေကြီးမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁,၃၂၅ ဦးရှိကြောင်း ပါကစ္စတန် အမျိုးသားရောဂါစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် လူပေါင်း သိန်းနဲ့ချီ အိုးအိမ်ဆုံးရှုံးခဲ့ရတာကြောင့် သဘာဝဘေးကယ်ဆယ်ရေးအတွက် အဓိကအခက်အခဲတခုက ခိုနားစရာ အမိုးအကာဖြစ်တယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။ 

ပါကစ္စတန်ဟာ ရွက်ဖျင်တဲတွေ၊ စားနပ်ရိက္ခာနဲ့ သောက်ရေ စတဲ့ အကူအညီတွေ အလွန်လိုအပ်နေတာပါ။ ပါကစ္စတန် ကျန်းမာရေးဌာနရဲ့ အဆိုအရ ရေလွှမ်းခဲ့တဲ့ဒေသတွေဟာ အခုဆို ဝမ်းလျှောခြင်း၊ ငှက်ဖျားရောဂါ၊ အရေပြားပိုးဝင်ခြင်းနဲ့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ မြင့်မားလာနေတဲ့ ဒေသတွေ ဖြစ်လာနေပါတယ်။

အဆိုးရွားဆုံးသော ဆင်းန်ဒ်ပြည်နယ်မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါ ကူးစက်ခံရသူ ၁ သောင်းကျော်ရှိကြောင်း နေ့စဉ်အစီရင်ခံနေပါတယ်။

အခုလကစပြီး ပါကစ္စတန်နိုင်ငံဟာ ရေဘေးသင့် ပြည်သူတွေအတွက် ဆေးဝါးတွေ အခမဲ့ ဖြည့်ဆည်းပေးဖို့အတွက် ရေဘေးဒဏ် အပြင်းအထန် ကြုံခဲ့ရတဲ့ ဘာလိုချစ်စ်တန်၊ ခိုင်ဘာ ပါ့ရှ်တွံန်ခွာနဲ့ ဆင်းန်ဒ်ပြည်နယ်တွေမှာ ဆေးဘက်ဆိုင်ရာ စခန်းပေါင်း ၁၂၀၀ ကျော်ကို တည်ထောင်ပေးမှာဖြစ်ကြောင်း ပါကစ္စတန် ကျန်းမာရေးဌာနကနေ သိရပါတယ်။

12 mins Ago

July 27, 2022

စားနပ်ရိက္ခာပြတ်လပ်လာသဖြင့် မောင်တောမြောက်ပိုင်းဒေသခံအချို့ နေရပ်စွန့်ခွာ

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းကို စစ်ကောင်စီက သွားလာခွင့် ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်လာပြီး ရွာသားတချို့ နေရပ်စွန့်ခွာနေကြရ​တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ဇူလိုင် ၁၈ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားပြီးနောက်  စစ်ကောင်စီက လမ်းပိတ်ဆို့ထားဖြစ်ပါတယ်။

တမန်းသား၊ မင်္ဂလာညွှန်၊ သက်ကိုင်ညှာ၊ သစ်တုံးနာခွဆုံ၊ မြဝတီ၊ ရန်အောင်မြင်၊ မင်ကြီးရွာ၊ သာယာကုန်း၊ မီးတိုက်၊ သင်္ဘောလှ၊ နံသာတောင် စတဲ့ကျေးရွာတွေ ရွာသူရွာသားတချို့ နေရပ်စွန့်ခွာနေကြတာလည်း ဖြစ်ပါတယ်။

မင်္ဂလာညွှန်ရွာသားတဦးက “နေရပ်စွန့်ခွါသွားသူတွေက တနေ့ထက်တနေ့ များပြားလာနေတယ်။ ဘာအတွက်လဲဆိုတော့ လမ်းတွေပိတ်ပြီး စားနပ်ရိက္ခာတွေ လုံးဝသယ်ယူခွင့်မရှိတော့ မောင်တောမြို့က ဆွေမျိုးတွေထံ ယာယီနေထိုင်ဖို့ သွားကြတာ များပြားလာနေတယ်” လို့ ပြောပါတယ်။

ရန်အောင်ပြင်ကျေးရွာသားတဦးကလည်း “ကြိမ်းချောင်း ၂၄ ဂိတ်က သွားလာခွင့်တွေ ပိတ်ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်ပြီး မောင်တောကို ဆင်းလာကြတဲ့ လူတွေကိုတော့ ၂၄ ဂိတ်က သွားခွင့်ပြုတယ်။ မောင်တောဘက်က ဆေးရုံဆင်းလာတဲ့ အထောက်အထားတွေပြနိုင်တဲ့ ရန်အောင်ပြင်ရွာသားတွေကို ကြိမ်ချောင်း ၂၄ ဂိတ်က သွားခွင့်မပြုသေးဘူး” လို့ ပြောပါတယ်။

ဇူလိုင် ၁၈ ရက်မှာ မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီး စစ်ကောင်စီကားတစီးကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အယောက် ၂၀ သေဆုံးပြီး ၁၄ ယောက် ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီမိုင်းခွဲတိုက်ခိုက်မှုအပြီး မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို လူတွေသွားလာခွင့်နဲ့ စားနပ်ရိက္ခာသယ်ယူခွင့်တွေ စစ်ကောင်စီက ပိတ်ဆို့ထားဖြစ်ပါတယ်။

1 month Ago
Up