close

စိတ်ပိုင်းဆိုင်ရာ

close

December 13, 2021

ဘာစီလိုနာအသင်းတွင် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေဟု နည်းပြဇာဗီ သုံးသပ်

ဘာစီလိုနာအသင်းသားတွေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပြီလို့ နည်းပြဇာဗီက သုံးသပ်သွား ပါတယ်။ 

ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကိုရူံးနိမ့်ခဲ့ပြီးနောက် ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ 

အဲဒီပွဲစဉ်အပြီးမှာ အိုဆာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်မှာလည်း ၂ ဂိုးစီသရေရလဒ်သာ ကစားနိုင်ခဲ့ပါတယ်။ အသင်းလူစာရင်းမှာပါရမီရှိတဲ့ ကစားသမားတွေရှိပေမယ့်  ရဲရင့်မှုနဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးနေတယ်လို့ ဇာဗီကပြောပါတယ်။ 

“အသင်းရဲ့အခြေအနေက ဘောလုံးကိစ္စတစ်ခုထက် စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုရှိနေတာပါ။ သူတို့ကိုယုံကြည်မှု ရှိလာအောင်လုပ်ရမှာကတော့ ကျနော့်ရဲ့တာဝန်ပါ။ ရဲရင့်မှုရှိရှိနဲ့ ကစားဖို့ အမြဲတမ်းတိုက်တွန်းအာ‌ေပေးနေပါတယ်။ သတ္တိရှိမှုနဲ့ အမြင့်မားဆုံးရည်မှန်းချက်တွေ ပျောက်ဆုံးနေပြီး ဒါက ဘာစီလိုနာရဲ့ ကစားဟန်မဟုတ်သေးပါဘူး” လို့ ဇာဗီက အသင်းရဲ့အခြေအနေအပေါ်သုံးသပ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ အခုနှစ်ရာသီမှာ အပြောင်းအလဲတွေများခဲ့ပြီး အဓိကတိုက်စစ်မှူး မက်ဆီကို လက်လွှတ်ခဲ့ရသလို အသစ်ခန့်အပ်ခဲ့တဲ့ နည်းပြရော်နယ်ကိုးမန်းဟာလည်း အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။ 

4 mins Ago

April 8, 2020

Quarantine နေရသူများအတွက် ဖုန်းဖြင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးမည်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ ၁၄ ရက် အသွားအလာ ကန့်သတ် (Quarantine) ခံနေရသူတွေအနေနဲ့ စိတ်ဖိစီးမှုအပါအဝင် စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေအတွက် လူမှုဝန်ထမ်းဦးစီးဌာန ကနေ ဖုန်းနဲ့ ဆွေးနွေးပေးတော့မှာ ဖြစ်ပါတယ်။ ဦးစီးဌာနက လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေကို ရုံးချိန်အတွင်း ဖုန်းခေါ်ဆွေးနွေးနိုင်မှာ ဖြစ်ပြီး ဖုန်းခေါ်ဆိုခက အခမဲ့ဖြစ်ပါတယ်။ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက “ဖုန်းနံပါတ်တွေ ရနိုင်ဖို့အတွက် ဆက်သွယ်ရေးက အများကြီး အကူအညီပေးပါတယ်။ ခုက ကားတွေပိတ်ထားတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာပဲ ဖုန်းနံပါတ်တွေ ရအောင်လုပ်ပေးပါတယ်။ အမ်ပီတီနဲ့ မိုင်တဲလ်နံပါတ်တွေကိုတော့ ဒီနေ့ပဲ ဆက်လို့ရပြီလို့ ပြောပါတယ်။ ကျန်တဲ့ အော်ပရေတာတွေလည်း အမြန်ဆုံးရမှာပါ” လို့ ဆိုပါတယ်။ Quarantine ကာလမှာ သီးခြားခွဲခြားနေထိုင်ရတာနဲ့ ဆက်စပ်အကြောင်းအရာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်နိုင်တာပါ။ ဒါကြောင့် တိုင်းနဲ့ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်တွေကို ကိုယ့်မှာရှိတဲ့ မိုဘိုင်းလ်အော်ပရေအလိုက် နံပါတ်ကို ရွေးချယ်ဆက်သွယ်မယ်ဆို ရင် ဖုန်းခေါ်ခမကုန်ဘဲ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းကို  အထူးလေ့ကျင့်ပေးထားတဲ့ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းတွေက နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအချိန်ထိ လုပ်ပေးမှာဖြစ်ပါတယ်။ ဒေါက်တာ စန်းစန်းအေးက “ကျမတို့ဝန်ထမ်းတွေကို သင်တန်းပေးထားပါတယ်။ ခုလည်း အွန်လိုင်းသင်တန်းတွေ ရှိနေတယ်။ ဒါပေမယ့် ပြည်နယ်နဲ့တိုင်း ညွှန်မှူးတွေကို ပြောထားတာက ဖုန်းကတ်တွေ ရရချင်း ဟန်းဆက်ထဲကို ထည့်ပါ။ သင်တန်းမှာ ရှိနေပေမယ့်ဖုန်းဝင်လာရင် ကိုင်ဖို့ ပြောထားပါတယ်။ Quarantine စင်တာတွေမှာ ကျမတို့ရဲ့ ဝန်ထမ်းတွေက အခုလို ဆွေးနွေးနိုင်တယ်ဆိုတဲ့အကြောင်း Hand Speaker တွေနဲ့ လိုက်ပြီး ပြောပြမယ်။ ဗီနိုင်းဆိုင်းဘုတ်တွေလည်း ထောင်ပေးထားမှာပါ” လို့ ပြောပါတယ်။ နှစ်သိမ့်ဆွေးနွေးမှုခံယူသူတွေရဲ့ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူးအလေးထား ကာကွယ်ပေးသွားမှာ ဖြစ်ပြီး တခြားလူမှုရေးနည်းလမ်းနဲ့ ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ရင်တော့ ဆက်လက်ညွှန်းပို့ပေးသွားမယ်လို့လည်း လူမှုဝန်ထမ်းဦးစီးဌာနက ကြေညာထားပါတယ်။ ဆက်သွယ်ရမည့်ဖုန်းနံပတ်များ  
2 years Ago
Up