ဘာစီလိုနာအသင်းတွင် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေဟု နည်းပြဇာဗီ သုံးသပ်

ဘာစီလိုနာအသင်းသားတွေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပြီလို့ နည်းပြဇာဗီက သုံးသပ်သွား ပါတယ်။
ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကိုရူံးနိမ့်ခဲ့ပြီးနောက် ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
အဲဒီပွဲစဉ်အပြီးမှာ အိုဆာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်မှာလည်း ၂ ဂိုးစီသရေရလဒ်သာ ကစားနိုင်ခဲ့ပါတယ်။ အသင်းလူစာရင်းမှာပါရမီရှိတဲ့ ကစားသမားတွေရှိပေမယ့် ရဲရင့်မှုနဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးနေတယ်လို့ ဇာဗီကပြောပါတယ်။
“အသင်းရဲ့အခြေအနေက ဘောလုံးကိစ္စတစ်ခုထက် စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုရှိနေတာပါ။ သူတို့ကိုယုံကြည်မှု ရှိလာအောင်လုပ်ရမှာကတော့ ကျနော့်ရဲ့တာဝန်ပါ။ ရဲရင့်မှုရှိရှိနဲ့ ကစားဖို့ အမြဲတမ်းတိုက်တွန်းအာေပေးနေပါတယ်။ သတ္တိရှိမှုနဲ့ အမြင့်မားဆုံးရည်မှန်းချက်တွေ ပျောက်ဆုံးနေပြီး ဒါက ဘာစီလိုနာရဲ့ ကစားဟန်မဟုတ်သေးပါဘူး” လို့ ဇာဗီက အသင်းရဲ့အခြေအနေအပေါ်သုံးသပ်ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုနှစ်ရာသီမှာ အပြောင်းအလဲတွေများခဲ့ပြီး အဓိကတိုက်စစ်မှူး မက်ဆီကို လက်လွှတ်ခဲ့ရသလို အသစ်ခန့်အပ်ခဲ့တဲ့ နည်းပြရော်နယ်ကိုးမန်းဟာလည်း အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။