close

စိန့်ပီတာစဘတ်မြို့

close

April 5, 2023

စိန့်ပီတာစဘတ်မြို့ရှိ ကော်ဖီဆိုင်ဗုံးကွဲမှုနောက်ကွယ်တွင် အစွန်းရောက်အုပ်စုရှိဟု ရုရှား‌ကြေးစားတပ် ပြော

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဗုံးပေါက်ကွဲမှုကြောင့် နာမည်ကြီး ရုရှားစစ်ရေးဘလော့ဂါ ဗလာဒလန်တာတာစကီ သေဆုံးပြီး လူဒါဇင်ချီ ဒဏ်ရာရခဲ့တာအတွက် ယူကရိန်းအစိုးရကို အပြစ်တင်မှာ မဟုတ်ဘူးလို့ ရုရှားကြေးစားစစ်တပ်ဝဂ္ဂနာရဲ့ ခေါင်းဆောင် ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်က ပြောပါတယ်။

ပေါက်ကွဲမှုနောက်ကွယ်မှာ အစွန်းရောက်အုပ်စုရှိတယ်လို့ သူထင်ကြောင်းလည်း ပရီဂေါ့ရှင်က ပြောပါတယ်။

ကော်ဖီဆိုင်ထဲမှာ လူတစုကို မိန့်ခွန်းပြောနေတုန်း တာတာစကီးကို လွှဲပေးခဲ့တဲ့ ရုပ်တုထဲမှာ ဗုံးကိုဝှက်ထားခဲ့တာလို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ခမောက်ဝတ်ထားတဲ့ စစ်သည်တဦးရဲ့ ရုပ်တုကို လက်ထဲမှာ မိုက်ခရိုဖုန်းကိုင်ထားတဲ့ တာတာစကီးဆီ ပေးနေတာကို ပြထားတဲ့ ဗီဒီယိုတခုကို ရုရှားတရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားတဲ့ တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ မတ်ရှ်က တင်ခဲ့ပါတယ်။ အဲလိုပေးပြီး မိနစ်ပိုင်းအကြာမှာ ပေါက်ကွဲခဲ့တာလို့လည်း ဆိုပါတယ်။

ပရီဂေါ့ရှင်က အဲဒီကော်ဖီဆိုင်ကို အရင်က သူပိုင်တယ်ဆိုပေမဲ့ အဲဒီနေရာမှာ အစည်းအဝေးတွေ ကျင်းပနေကြတဲ့ မျိုးချစ်တက်ကြွလှုပ်ရှားသူတွေကို ပေးခဲ့ပြီးပြီလို့ ပြောခဲ့ပါတယ်။

6 mins Ago

April 5, 2020

စိန့်ပီတာစဘတ်မြို့ဆေးရုံတခုက ဆေးဝန်ထမ်းများ ကာကွယ်ရေးဝတ်စုံများ လိုအပ်

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ ပိုစကော့ဗ်စခါယာဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဆေးကုသရေး ဝန်ထမ်းတွေက သူတို့မှာ ဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို ဘေးကင်းကင်း ကုသဖို့ တကိုယ်တော် ကာကွယ်ရေးဝတ်စုံတွေ လိုနေတယ်လို့ မီဒီယာကတဆင့် မေတ္တာရပ်ခံလိုက်ပါတယ်။ လူနာဆောင် တဆောင်လုံးမှ ဝတ်စုံ တစုံ နှစ်စုံသာ ရထားတယ်လို့ ဧပြီလ ၃ ရက်က ထုတ်ပြန်လိုက်တဲ့ ရုပ်သံထဲမှာ ပြောထားပါတယ်။  လူနာဆောင်ထဲမှာ အသက်ရှူ အားကူစက် တလုံး ၂ လုံးပဲ ရှိလို့ ကူးစက်ခံ လူနာတွေနဲ့ အလုပ်လုပ်ဖို့ မလုံလောက်ဘူးဆိုတာ ရှင်းပါတယ်။  တိုင်ကြားချက်ကို ဖြေရှင်းပေးမယ်လို့ စီမံရေးဌာနက ကတိပေးပေမယ့် ကျနော်တို့ အသက် တွေ၊ နီးစပ်သူတွေရဲ့ အသက်တွေကလည်း အရေးကြီးတယ်လို့ နာမည်မဖော်တဲ့ ဆေးဘက် ဝန်ထမ်း တယောက်က ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေ အလျှံပယ် ရောက်လာမယ့် အခြေအနေအတွက် ပြင်ဆင်ဖို့ ဆေးရုံဟာ ဧပြီလ ၂ ရက်က စပြီး ရက်ချိန်းပေး ဆေးကုသမှုကို ရပ်ခဲ့တယ်လို့ ဒေသခံ မီဒီယာ ဖွန်တန်ကာက ဆိုပါတယ်။ ဆေးဝန်ထမ်းတွေဟာ အသက်ရှူအားကူစက်တွေ အပါအဝင် ပစ္စည်းကိရိယာတွေ ပိုတပ်ဆင်ပေးဖို့ ဆေးရုံစီမံခန့်ခွဲရေးကို စာရေးသား တောင်းဆိုပေမယ့် အငြင်းခံခဲ့ ရတယ်လို့လည်း ပြောပါတယ်။  ဆေးရုံအကြီးအကဲကတော့ ဆေးဝန်ထမ်းတွေ ပြောဆိုချက် မမှန်ဘူးလို့ ဒေသခံ မီဒီယာကို ငြင်းဆိုခဲ့ပါတယ်။
3 years Ago
Up