close

စီနီယာကစားသမား

close

April 30, 2023

အာဆင်နယ် စီနီယာကစားသမား ၄ ဦး၏ ခေါင်းဆောင်မှုစွမ်းရည်ကို နဗီးလ်ဝေဖန်

ပြီးခဲ့တဲ့ပွဲစဉ်တွေအတွင်းမှာပြသခဲ့တဲ့ အာဆင်နယ်စီနီယာကစားသမားလေးဦးရဲ့ ခေါင်းဆောင်မှု စွမ်းဆောင်ရည်အပေါ် မန်ယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်သွားပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး အဓိကပြိုင်ဘက် မန်စီးတီးနဲ့ပွဲမှာလည်း ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆု လက်လွှတ်လိုက်ရဖို့ဖြစ်လာခဲ့တာပါ။ 

အဲဒီလို အသင်းရဲ့ရလဒ်တွေ ယိမ်းယိုင်လာခဲ့တဲ့အခြေအနေမှာ စီနီယာကစားသမားတွေရဲ့ ဦးဆောင်နိုင်စွမ်းမရှိခဲ့တာကို နဗီးလ်ကဝေဖန် ထောက်ပြခဲ့တာပါ။

အသင်းခေါင်းဆောင် အိုဒီဂတ်အပါဝင် ပါတေး၊ ချာကာနဲ့ ဇင်ချန်ကို တို့ဟာ ဆာကာနဲ့ မာတင်နယ်လီတို့လို ငယ်ရွယ်တဲ့ကစားသမားတွေကို ဆွဲတင်ပေးနိုင်မှုမရှိခဲ့ကြောင်းနဲ့ သူတို့ကိုယ်တိုင်လည်း အခက်ခဲဆုံးအချိန်တွေနဲ့ ကြုံတွေ့ခဲ့ရကြောင်း နဗီးလ်ကပြောပါတယ်။

ဇင်ချန်ကိုဟာ လီဗာပူး၊ ဆောက်သမ်တန်နဲ့ ဝက်စ်ဟမ်အသင်းတွေနဲ့ သရေကျခဲ့တဲ့ပွဲစဉ်တွေမှာ အမှားလုပ်ခဲ့သလို ချာကာ၊ အိုဒီဂတ်နဲ့ ပါတေးတို့ဟာလည်း အသင်းရဲ့ရလဒ်ဆိုးတွေမှာ အဓိကတာ ဝန်ရှိသူတွေဖြစ်ကြောင်း၊ ငယ်ရွယ်တဲ့ အသင်းဖော်တွေကို ဦးဆောင်လမ်းပြနိုင်ခြင်းမရှိခဲ့ကြောင်း နဗီးလ်ကဝေဖန်ခဲ့ပါတယ်။ 

7 mins Ago

August 12, 2022

စီနီယာကစားသမား ၄ ဦးကို အသင်းနှင့်အတူ လေ့ကျင့်ခွင့် စပါးနည်းပြကွန်တီ ပိတ်ပင်

စပါးအသင်းနည်းပြ ကွန်တီဟာ စီနီယာကစားသမား ၄  ယောက်ကို အသင်းနဲ့အတူ လေ့ကျင့်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

အဲဒီကစားသမား ၄ ယောက်ကတော့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အန်ဒွန်ဘီလီ၊ လိုဆယ်ဆို၊ ဟယ်ရီဝင့်ခ်နဲ့ နောက်ခံလူ ရက်ဂူလွန်တို့ဖြစ်ပြီး နည်းပြကွန်တီက ရောင်းချဖို့ စီစဉ်ထားတာပါ။

စပါးအသင်းဟာ လိုဆယ်ဆိုနဲ့ အန်ဒွန်ဘီလီတို့ကို ပြီးခဲ့တဲ့ရာသီက ဗီလာရီးယဲလ်နဲ့ လိုင်ယွန် အသင်းတွေဆီ အငှားချထားခဲ့တာပါ။

လက်ရှိရာသီမှာတော့ ကစားသမားသစ် ၆ ယောက် ခေါ်ယူထားတာကြောင့် အဆိုပါ စီနီယာကစားသမား ၄ ယောက်ကို လေ့ကျင့်ခွင့်မပေးဘဲ ကိုယ်ပိုင်အစီအစဉ်နဲ့သာ လေ့ကျင့်ဖို့ နည်းပြကွန်တီက ညွှန်ကြားထားပါတယ်။

အဲဒီကစားသမားတွေဟာ တောင်ကိုရီးယား ခြေစမ်းခရီးစဉ်မှာလည်း လိုက်ပါကစားခွင့်မရခဲ့ကြသူတွေပါ။ 

စပါးအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့သူ အန်ဒွန်ဘီလီကိုတော့ နယူးကာဆယ်အသင်းက ခေါ်ယူဖို့ကမ်းလှမ်းထားပါတယ်။ 

9 months Ago
Up