close

အာဆင်နယ် စီနီယာကစားသမား ၄ ဦး၏ ခေါင်းဆောင်မှုစွမ်းရည်ကို နဗီးလ်ဝေဖန်

ပြီးခဲ့တဲ့ပွဲစဉ်တွေအတွင်းမှာပြသခဲ့တဲ့ အာဆင်နယ်စီနီယာကစားသမားလေးဦးရဲ့ ခေါင်းဆောင်မှု စွမ်းဆောင်ရည်အပေါ် မန်ယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်သွားပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး အဓိကပြိုင်ဘက် မန်စီးတီးနဲ့ပွဲမှာလည်း ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆု လက်လွှတ်လိုက်ရဖို့ဖြစ်လာခဲ့တာပါ။ 

အဲဒီလို အသင်းရဲ့ရလဒ်တွေ ယိမ်းယိုင်လာခဲ့တဲ့အခြေအနေမှာ စီနီယာကစားသမားတွေရဲ့ ဦးဆောင်နိုင်စွမ်းမရှိခဲ့တာကို နဗီးလ်ကဝေဖန် ထောက်ပြခဲ့တာပါ။

အသင်းခေါင်းဆောင် အိုဒီဂတ်အပါဝင် ပါတေး၊ ချာကာနဲ့ ဇင်ချန်ကို တို့ဟာ ဆာကာနဲ့ မာတင်နယ်လီတို့လို ငယ်ရွယ်တဲ့ကစားသမားတွေကို ဆွဲတင်ပေးနိုင်မှုမရှိခဲ့ကြောင်းနဲ့ သူတို့ကိုယ်တိုင်လည်း အခက်ခဲဆုံးအချိန်တွေနဲ့ ကြုံတွေ့ခဲ့ရကြောင်း နဗီးလ်ကပြောပါတယ်။

ဇင်ချန်ကိုဟာ လီဗာပူး၊ ဆောက်သမ်တန်နဲ့ ဝက်စ်ဟမ်အသင်းတွေနဲ့ သရေကျခဲ့တဲ့ပွဲစဉ်တွေမှာ အမှားလုပ်ခဲ့သလို ချာကာ၊ အိုဒီဂတ်နဲ့ ပါတေးတို့ဟာလည်း အသင်းရဲ့ရလဒ်ဆိုးတွေမှာ အဓိကတာ ဝန်ရှိသူတွေဖြစ်ကြောင်း၊ ငယ်ရွယ်တဲ့ အသင်းဖော်တွေကို ဦးဆောင်လမ်းပြနိုင်ခြင်းမရှိခဲ့ကြောင်း နဗီးလ်ကဝေဖန်ခဲ့ပါတယ်။ 

Up