close

စီးပွားရေးထိခိုက်မှု

close

September 4, 2021

ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုကို ကာကွယ်ရေး ကြိုးပမ်းရန် ကင်မ်ဂျုံအန်တိုက်တွန်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ သဘာဝဘေးအန္တရာယ်တွေ ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စီးပွားရေးကိုထိခိုက်မှုကနေ ကာကွယ်ရေး ကြိုးပမ်းကြဖို့ကို အာဏာရပါတီရဲ့ ပေါလစ်ဗျူရိုအစည်းအဝေးကို ခေါ်ယူနေချိန်မှာ တိုက်တွန်းသွားကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၃ ရက်မှာ ဖော်ပြပါတယ်။ 

စက်တင်ဘာ ၂ ရက်က ပြုံယမ်းမှာပြုလုပ်တဲ့ ပါတီအစည်းအဝေးကို တက်ရောက်နေတဲ့ အရာရှိတွေကိုမိန့်ခွန်းပြောနေတဲ့ ကင်မ်ကို  အစိုးရပိုင် KRT ရုပ်သံကနေ ထုတ်လွှင့်တဲ့ ဗွီဒီယိုမှတ်တမ်းတွေမှာ ပြသထားပါတယ်။ 

စီးပွားရေးစီမံကိန်းတွေက အစည်းအဝေး အစီအစဉ်တွေကို လွှမ်းမိုးသွားတယ်လို့ KCNA သတင်းဌာနကဖော်ပြပါတယ်။

 ကင်မ်ဟာ ပုံမှန်မဟုတ်တဲ့ ရာသီဥတု အန္တရာယ်တွေကို ကျော်လွှားဖို့ စေ့စပ်သေချာတဲ့ အစီအမံတွေဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပြီး ကပ်ရောဂါကြိုတင်ကာကွယ်ရေး တင်းကျပ်တာကိုလည်း အဓိကအရေးကြီးဆုံးအလုပ်လို့ ခေါ်ဆိုသွားကြောင်း KCNA က ဆိုပါတယ်။ 

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းထားတဲ့ နယ်နိမိတ် ပိတ်ဆို့မှုနဲ့ အသွားအလာ ကန့်သတ်ထားမှုတွေကြောင့် တိုင်းပြည်ရဲ့စီးပွားရေးက အထိနာနေတာပါ။

ရာသီအလိုက် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တိုင်ဖွန်းမုန်တိုင်းတွေကလည်း ရိက္ခာ အထောက်အပံ့တွေ ပျက်စီးဆုံးရှုံးမှုအတွက် နောက်ထပ်စိုးရိမ်မှုတွေကို ဖြစ်စေပါတယ်။ 

10 mins Ago

March 17, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုနည်းစေရန် အခွန်လျှော့ပေးမည်ဟု အတိုင်ပင်ခံပြော

ကိုရိုနာ ကိုဗစ်-၁၉ ကြောင့် နိုင်ငံစီးပွားရေးထိခိုက်တာ အနည်းဆုံးဖြစ်စေဖို့ အခွန်တွေလျှော့ပေးတာ၊ အတိုးသက်သာတဲ့ချေးငွေတွေပေးမှာဖြစ်သလို ရန်ပုံငွေတရပ် ထူထောင်သွားမှာဖြစ်လို့ တတ်နိုင်သမျှထည့်ဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။ မနေ့က နိုင်ငံပိုင်မီဒီယာကနေ အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနဲ့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။ စီးပွားရေးနဲ့ ပတ်သက်လို့ ပြည်သူပြည်သားတွေ မနစ်နာစေဖို့၊ အလုပ်သမားတွေ တတ်နိုင်သမျှ အလုပ်လက်မဲ့မဖြစ်စေဖို့၊ အလုပ်ရုံတွေ ဆက်လက်လည်ပတ်နိုင်ဖို့၊ နိုင်ငံ့စီးပွားရေးလည်ပတ်တာကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့အတွက် အခွန်အကောက်ဖြေလျှော့တာ၊ အတိုးနှုန်းလျှော့တာ စတာတို့ကို ဆောင်ရွက်မယ်လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းတွေ (CMP) လို့ အများသိကြတဲ့ ကုန်ကြမ်းပေး၊ ကုန်ချောယူ လက်ခစားစနစ်၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက် အထူးသက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေနဲ့ အခွန်ကင်းလွတ်ခွင့်ရနိုင်ရေး စီမံပေးသွားပါမယ်။ ဒါ့အပြင် ပို့ကုန်လုပ်ငန်းတွေက ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်း အခုဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဝန်ကြီးဌာနအသီးသီးက ညွှန်ကြားချက်ထုတ်ပြန်တာ၊ ညွှန်ကြားချက်တွေရဲ့ရည်ရွယ်ချက်တွေကို ရှင်းလင်းတင်ပြတာ၊ လိုအပ်တဲ့ အစီအစဉ်ချမှတ်တာကိုတို့ တစိုက်မတ်မတ်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ ပြည်သူပြည်သားတွေအနေနဲ့လည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင် ထည့်ဝင်နိုင်စေမယ့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတရပ်ကို ထူထောင်သွားမှာဖြစ်တဲ့အတွက် စေတနာရှင်ပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သမျှထည့်ဝင်လှူဒါန်းနိုင်ဖို့လည်း တိုက်တွန်းနှိုးဆော် သွားပါတယ်။ ပြည်သူတွေအပြည့်အဝပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကာကွယ်ထိန်းချုပ်ရေး အစီအဉ်တွေကို အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်မယ်လို့လည်း သူက ပြောပါတယ်။ “အစိုးရက ဘယ်လိုကောင်းမွန်တဲ့ အစီအစဉ်တွေ ချမှတ်ချမှတ် အမှန်တကယ် ထိရောက် အောင်မြင်ဖို့ ဆိုရင် ပြည်သူတွေပူးပေါင်းပါဝင်မှဖြစ်မယ်ဆိုတာ ကျမ အကြိမ်ကြိမ်ပြောခဲ့ဖူးတဲ့ စကား ဖြစ်ပါတယ်။ အခု ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ဒီစကားကို အထူးအလေးထားစေလိုပါတယ်။ အစိုးရိမ်လွန်ပြီး ရိက္ခာစုဆောင်းတာမျိုး မတည်မငြိမ်ဖြစ်စေတဲ့လုပ်ရပ်တွေမဖြစ်ပေါ်ရေးမှာလည်း ပြည်သူတွေက အဓိကပါ” လို့ ပြောပါတယ်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းကနေ ၉ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချလိုက်ပြီး တခြားဘဏ်တွေအနေနဲ့လည်း အတိုးနှုန်းလျှော့ဖို့ ဗဟိုဘဏ်က ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက် ချေးငွေအပေါ်အတိုးနှုန်းကို သုည ဒသမ ၅ ရာခိုင်နှုန်းစီ လျှော့ချတယ်လို့ ဘဏ်တွေက ကြေညာထားပါတယ်။
1 year Ago
Up