close

စီးရီးအေကလပ်

close

October 28, 2022

စီးရီးအေကလပ် မွန်ဇာကစားသမား ပါဘလိုမာရီ ဓားထိုးခံရ

အီတလီနိုင်ငံ မွန်ဇာမြို့ ဘောလုံးအသင်းရဲ့ ကစားသမား ပါဘလိုမာရီနဲ့ တခြားသူ ၄ ယောက်ဟာ မီလန်အပြင်ဘက်က အက်ဆာဂိုမြို့ ရှော့ပင်းမောလ်တခုမှာ ဓားထိုးခံခဲ့ရကြောင်း ANSA သတင်းဌာနက အောက်တိုဘာ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ဘီဘီစီသတင်းမှာတော့ အသက် ၄၆ နှစ်အရွယ် သံသယရှိသူကို ဖမ်းဆီးထားပြီး စူပါမားကက်မှာ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ပြောပါတယ်။ ဘိုလီးဗီးယားနိုင်ငံသားတယောက် သေဆုံးသွားကြောင်း အီတလီရဲတပ်ဖွဲ့က ပြောပါတယ်။ 

မွန်ဇာအသင်း အမှုဆောင်အရာရှိချုပ် အက်ဒရီယာနို ဂါလီယာနီက “ပါဘလိုမာရီရဲ့ နောက်ကျောမှာ အတော်လေးနက်တဲ့ ဒဏ်ရာတခုရရှိခဲ့ပြီး ကံကောင်းလို့ အသက်အန္တရာယ်အတွက် အရေးကြီးတဲ့ အဆုတ်နဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကို မထိမိခဲ့ပါဘူး။ သူ့အသက်အန္တရာယ် မစိုးရိမ်ရပါဘူး၊ သူ အမြန်ပြန်ကောင်းလာမှာပါ” လို့  စကိုင်း အီတလီ ရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် စပိန်ဗဟိုခံစစ်ကစားသမား မာရီဟာ အာဆင်နယ်ကနေ စီးရီးအေကလပ် မွန်ဇာမှာ အငှားနဲ့ သွားရောက်ကစားနေတာ ဖြစ်ပါတယ်။

အာဆင်နယ်ကလည်း ပါဘလိုရဲ့အေးဂျင့်နဲ့ အဆက်အသွယ်ရပြီး သူ ဆေးရုံတက်နေရကြောင်း၊ ဒဏ်ရာမပြင်းထန်ကြောင်း သိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

1 hour Ago

May 12, 2020

အသက် ၁၉ နှစ်အရွယ်တွင် ကြွေလွင့်ခဲ့ရသည့် စီးရီးအေကလပ် အတ္တလန္တာ ကစားသမား ရီနယ်ဒီ

အတ္တလန္တာအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမား အန်ဒရီယာ ရီနယ်ဒီဟာ ဦးနှာက်သွေးကြော ချို့ယွင်းမှုကြောင့်  မေ ၁၁ ရက်က ကွယ်လွန်သွားပါတယ်။ ရီနယ်ဒီဟာ အတ္တလန္တာအသင်းရဲ့ လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာတဲ့ ကစားသမားတဦး ဖြစ်ပြီး စီးရီးဒီကလပ် လက်နာနိုမှာ တရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားနေသူ ဖြစ်ပါတယ်။ ရီနယ်ဒီဟာ ကိုနာဗိုင်းရပ်စ် lockdown ကာလအတွင်း အိမ်မှာ လေ့ကျင့်ရေးပြုလုပ်နေစဉ် သောကြာနေ့က ဦးနှောက်သွေးကြောချို့ယွင်းမှု ဝေဒနာကို ခံစားခဲ့ရလို့ သူ့ကို ဗာရီဆီရှိ ဆေးရုံတရုံကို တင်ပို့ခဲ့ပါတယ်။ ဆေးရုံမှာ သုံးရက်ကြာကုသမှုခံယူခဲ့ပြီးနောက်မှာ သူဟာ ကွယ်လွန်သွားခဲ့တာပါ။ ရီနယ်ဒီရဲ့ သေဆုံးမှုဟာ ရုတ်တရက်ပေါ်ပေါက်လာတဲ့ ဝမ်းနည်းဖွယ်ရာ ကိစ္စရပ်တခုဖြစ်ပြီး ဒီလိုဖြစ်လိမ့်မယ်လို့ စိတ်တောင်မကူးခဲ့ဖူးဘူးလို့ သူ အငှားသွားရောက်ကစားနေတဲ့ လက်နာနိုအသင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။  “အန်ဒရီယာဟာ ဝေဒနာကို သုံးရက်ကြာခံစားခဲ့ရပြီး ကံမကာင်းစွာနဲ့ဘဲ ပြန်လည်တွန်းလှန်နိုင်ခြင်း မရှိခဲ့ပါဘူး” လို့လည်း အဲဒီကြေညာချက်မှာ ‌ ရေးသားထားပါတယ်။ ရီနယ်ဒီဟာ စီးရီးအေကလပ် အတ္တလန္တာအသင်းကို အသက် ၁၃ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး ယူ-၁၇ အသင်းနဲ့အတူ ၂၀၁၆ ခုနှစ်မှာ လိဂ်ဖလားနဲ့ စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  သူဟာ လက်နာနိုအသင်းအတွက် ဒီရာသီအတွင်း ၂၃ ပွဲကစားကာ ၁ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး သူ သေဆုံးမှုအတွက် မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2 years Ago
Up