မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာဟာ တရက်တည်း အယောက် ၈၀ အထိ ထပ်မံ စံချိန်တင်တွေ့ရှိရပြီး ၁ ပတ်အတွင်းမှာ ကိုဗစ် အတည်ပြုလူနာ အယောက် ၂၄၀ နီးပါးအထိ ရှိလာကာ သေဆုံးသူ ၁ ဦးရှိခဲ့တယ်လို့ ဒေသခံ စေတနာဝန်ထမ်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့တဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေပါမကျန် အားလုံးနီးပါးလောက်
ရောဂါကူးစက်မှုတွေက ဆက်လက် မြင့်မားလာနေပေမဲ့ ဒီကနေ့အထိ သာရေး နာရေးကိစ္စ
တွေမှာ လူစုလူဝေးတွေ နေရာတိုင်းရှိနေခဲ့တာကြောင့် ပိုမိုကူးစက်လာနိုင်ခြေရှိလို့ အခုချိန်မှာ မပေါ့ဆသင့်ဘူးလို့ ဆေးဘက်ဆရာဝန်တွေက ပြောပါတယ်။
ဆေးရုံမှာကုသမှုခံယူနေကြတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေ အများစုက ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသာသူတွေလည်း ပါဝင်တာတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဆေးရုံမှာ လာရောက်ပြီး ကုသနေသူတွေရှိသလို နေအိမ်မှာ ကိုယ်ဖာသာ ဆေးဝါးတွေ သောက်ပြီး ကုသနေကြတဲ့သူတွေလည် တနေ့တခြား ပိုမိုများပြားလာနေတယ်လို့ ကျန်းမာရေး စေတနာဝန်ထမ်းတွေက ပြောပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအ တွင်း ကိုဗစ်-၉ လူနာ ၁၇၆၀၀ ကျော်အထိရှိနေပြီး သေဆုံးသူ ၁၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ကမ္ဘာပေါ်မှာ လက်ရှိကိုဗစ်ဖြစ်ပွားမှုအားလုံးရဲ့ ၉၈ ဒသမ ၃ ရာခိုင်နှုန်းဟာ အိုမီခရွန်ဖြစ်ပြီး ကျန် ၁ ဒသမ ၇ ရာခိုင်နှုန်း ဒယ်လ်တာဖြစ်ကြောင်း WHO က အသိပေးထားပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ စနေနေ့က ၂၄ နာရီအတွင်း ၁၂၂,၁၈၆ ဦး ရှိပြီး စံချိန်သစ် တင်ခဲ့ပါတယ်။
ကပ်ဘေးစဖြစ်ကတည်းက တရက်အတွင်း ကူးစက်ခံရသူ ၁၂၀,၀၀၀ ထိ ရှိခဲ့ပြီး၊ အခု ပထမဆုံးအကြိမ် တရက်အတွင်း ကူးစက်ခံရမှု အမြင့်ဆုံး ဖြစ်လာတာပါ။
ဗြိတိန်မှာ ကူးစက်ခံရသူ စုစုပေါင်း ၁၂ သန်း နီးပါး ရှိပြီး၊ ၁၄၇၈၅၇ ဦး သေဆုံးခဲ့ပါတယ်။
နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် မြင့်တက်နေစဉ်မှာပဲ စနေနေ့ တရက်တည်း အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃,၇၁၉ ဦး ရှိခဲ့ပါတယ်။
အိုမီခရွန်ကူးစက်ခံရသူ စုစုပေါင်း ၁၁၄၆၂၅ ဦး ရှိသွားပြီလို့ ဗြိတိန် ကျန်းမာရေးစောင့်ရှောက်မှု ဌာနက ထုတ်ပြန်ပါတယ်။
နောက်ဆုံးကိန်းဂဏန်းတွေအရ လန်ဒန်မြို့က လူ ၂၀ ဦးမှာ ၁ ဦး ကိုဗစ်-၁၉ ကူးစက်မှု ရှိပါတယ်။
ဒါပေမဲ့ ဗြိတိန်မှာ အသက် ၁၂ အထက် ၈၉ ရာခိုင်နှုန်းက ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသားဖြစ်ပြီး၊ ၈၂ ရာခိုင်နှုန်းက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးသားပါ။ တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၅၆ ရာခိုင်နှုန်း ရှိပါတယ်။