close

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စံချိန်တင်ကူးစက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်က  ကိုဗစ်-၁၉  အတည်ပြုလူနာဟာ တရက်တည်း အယောက်  ၈၀ အထိ ထပ်မံ စံချိန်တင်တွေ့ရှိရပြီး ၁ ပတ်အတွင်းမှာ ကိုဗစ် အတည်ပြုလူနာ အယောက်  ၂၄၀ နီးပါးအထိ ရှိလာကာ သေဆုံးသူ ၁ ဦးရှိခဲ့တယ်လို့ ဒေသခံ စေတနာဝန်ထမ်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့တဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေပါမကျန် အားလုံးနီးပါးလောက်

ရောဂါကူးစက်မှုတွေက ဆက်လက် မြင့်မားလာနေပေမဲ့   ဒီကနေ့အထိ သာရေး နာရေးကိစ္စ

တွေမှာ လူစုလူဝေးတွေ နေရာတိုင်းရှိနေခဲ့တာကြောင့် ပိုမိုကူးစက်လာနိုင်ခြေရှိလို့  အခုချိန်မှာ မပေါ့ဆသင့်ဘူးလို့  ဆေးဘက်ဆရာဝန်တွေက ပြောပါတယ်။

ဆေးရုံမှာကုသမှုခံယူနေကြတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေ အများစုက  ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသာသူတွေလည်း ပါဝင်တာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဆေးရုံမှာ လာရောက်ပြီး ကုသနေသူတွေရှိသလို နေအိမ်မှာ ကိုယ်ဖာသာ ဆေးဝါးတွေ သောက်ပြီး ကုသနေကြတဲ့သူတွေလည် တနေ့တခြား ပိုမိုများပြားလာနေတယ်လို့ ကျန်းမာရေး စေတနာဝန်ထမ်းတွေက ပြောပါတယ်။

စစ်ကောင်စီ ကျန်းမာ‌ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအ တွင်း ကိုဗစ်-၉ လူနာ  ၁၇၆၀၀ ကျော်အထိရှိနေပြီး သေဆုံးသူ ၁၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ လက်ရှိကိုဗစ်ဖြစ်ပွားမှုအားလုံးရဲ့  ၉၈ ဒသမ  ၃ ရာခိုင်နှုန်းဟာ အိုမီခရွန်ဖြစ်ပြီး ကျန် ၁ ဒသမ ၇ ရာခိုင်နှုန်း ဒယ်လ်တာဖြစ်ကြောင်း WHO က အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up