close

စွန့်ပစ်အမှိုက်

close

May 11, 2023

ထိုင်းပညာရှင်များက ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်များအသုံးပြုပြီး ကျည်ကာဝတ်စုံ တီထွင်

ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရီဆူအန်တက္ကသိုလ်မှာရှိတဲ့ ပညာရှင်တွေဟာ ပထမဦးဆုံးအနေနဲ့ ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေကို ပြန်လည်အသုံးပြုကာ ကျည်ဆန်တွေကိုကာနိုင်တဲ့ ကျည်ကာဝတ်စုံကို တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် The ThaigeAr သတင်းဌာနက မေ ၁ဝ ရက်မှာ ဖော်ပြပါတယ်။

ဒီတီထွင်မှုကို ထိုင်းအမျိုးသားသုတေသနကောင်စီရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ဒေသတွင်း လူမှုအသိုင်းအဝိုင်းက ပလတ်စတစ်နဲ့ စွန့်ပစ်ပစ္စည်းတွေကို ပေါင်းစပ်ပြီး တီထွင်ခဲ့တာဖြစ်ကာ ဒီဝတ်စုံရဲ့ အရည်အသွေးအနေနဲ့ ၇ မီတာ၊ ၁ဝ မီတာ၊ ၁၅ မီတာ၊ ၂၅ မီတာကနေ ၉ မမကျည်၊ ၁၁ မမကျည်တွေနဲ့ ပစ်ခတ်တာတွေကို ထိုင်းတော်ဝင်တပ်ဖွဲ့ဝင်တွေကိုယ်တိုင် စမ်းသပ်ခဲ့ပြီး အောင်မြင်ခဲ့တာလို့ နာရီဆူအန်တက္ကသိုလ်ပါမောက္ခ ကန်းကနုတ် အင်ကနိနန်က ပြောပါတယ်။

အဆိုပါဝတ်စုံတီထွင်မှုမှာတော့ ကားမီးသီး၊ ရာဘာဖိနပ်နဲ့ ပင်လယ်ထဲက စွန့်ပစ် ပလတ်စတစ်အမှိုက်တွေ ပါဝင်ခဲ့ပြီး ဒီထုတ်လုပ်အောင်မြင်ပြီး ဝတ်စုံတွေကို ပစ်စနလော့ခ်ခရိုင်ထဲက ထိုင်းတော်ဝင်တပ်မတော် တပ်နယ် ၃ ကို မေ ၈ ရက်မှာ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို တီထွင်မှုနဲ့ ဝတ်စုံတွေ ပေးအပ်ခဲ့တာနဲ့ပတ်သက်ပြီး ထိုင်းတော်ဝင်တပ်မတော် တပ်နယ် ၃ က ဗိုလ်ချုပ် ပရဆန်ဆဲန်ဆီရီရတ်က ဒီကျည်ကာဝတ်စုံတွေက လက်ရှိ ပြည်ပကနေဝယ်ယူရတဲ့ ကျည်ကာတွေထက် စရိတ်အများအပြားသက်သာပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း ဘတ် ၁ဝ,၀၀၀ ခန့်သာ ရှိတဲ့အတွက် ချီးကျူးရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

source : Thethaiger

15 mins Ago

May 18, 2020

ကပ်ဘေးကာလ ထိုင်းတွင် စွန့်ပစ်အမှိုက် ၁၅ ရာခိုင်နှုန်းတိုး

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ကပ်ဘေးအတွင်း စားစရာတွေနဲ့ကုန်စည်တွေကို အိမ်အရောက် ပို့တာက ထိုင်းနိုင်ငံသားများအတွက် ပုံမှန်အခြေအနေသစ် ဖြစ်လာနေပြီး စားသုံးသူတွေအတွက် ပိုအဆင်ပြေပေမယ့် အမှိုက်စီမံခန့်ခွဲရေးစနစ်အတွင်း တန်နဲ့ချီတဲ့ ပလတ်စတစ် အမှိုက်တွေ ထပ်တိုးလာတယ်လို့ သိရပါတယ်။ ကူးစက်မှုကြောင့် အသွားအလာကန့်သတ်ပိတ်ပင်ထားချိန်မှာ ပလတ်စတစ် အမှိုက် ပမာဏ ဟာ ထိုင်းနိုင်ငံထဲမှာ ၁၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနကို ကိုးကားပြီး ထိုင်းမီဒီယာတွေက ရေးပါတယ်။ အမှိုက်ရာခိုင်နှုန်း အများအပြားက ပင်လယ်နဲ့ မြစ်တွေထဲမှာ အဆုံးသတ်နိုင်တယ်လို့ အဏ္ဏဝါဇီဝပညာရှင် သွန်တမ်ရွန်ဝါဆာဝပ်က သတိပေး ပြောဆိုပါတယ်။  ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်တွေကြား လူကြိုက်များတဲ့ ပတ္တယားကမ်းခြေမှာတော့ စေတနာ့ဝန်ထမ်း တဖွဲ့ဟာ ဒီရေတောတွေနဲ့ ရေပြင်ပေါ်က ပလတ်စတစ်တွေ ပင်လယ်ထဲ မရောက်ခင် လိုက်ဆယ်နေပါတယ်။ သူတို့ဟာ ရေထဲမျောပါနေတဲ့ အမှိုက်တွေကို ထောင်ဖမ်းဖို့ ချောင်းမြောင်းတွေမှာ ငါးဖမ်းသမားတွေရဲ့ ပိုက်ကွန်အစအနတွေနဲ့ လုပ်ထားပြီး ငါးတွေ ရေကူးထွက်သွားနိုင်အေင် အောက်ခြေမှာ အပေါက်တွေ ချန်ထားတဲ့ ပိုက်ကွန်တွေကိုလည်း လိုက်တပ်ဆင်ခဲ့ကြပါတယ်။
3 years Ago
Up