အမေရိကန်နဲ့ ဖိလစ်ပိုင် အစိုးရတွေကြား ဆက်ဆံရေးဟာ ပုံမှန်မိတ်ဖက် ဆက်ဆံရေး လမ်းကြောင်းပေါ် ပြန်ရောက်နေပြီလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက မေ ၄ ရက်မှာ ပြောလိုက်ပါတယ်။
ခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံခဲ့ပြီး ဝါရှင်တန်မြို့တော်ဆီ အလည်အပတ် လာရောက်ချိန် အမေရိကန် တွေးခေါ်ပညာရှင်တစ်ဦးနဲ့လည်း မားကို့စ်က တွေ့ဆုံ ခဲ့ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ပြောင်းလဲလာဖို့ လိုအပ်တယ်လို့လည်း မားကို့စ်က ပြောပါတယ်။
တောင်တရုတ်ပင်လယ်မှာ စွမ်းအင်ရှာဖွေရေးအငြင်းပွားမှုမှာ ဖိလစ်ပိုင် အစိုးရနဲ့ တရုတ်နိုင်ငံတို့ ဟာ ဖြည်းဖြည်းချင်း အဖြေရှာဖို့ ကြိုးပမ်းနေတယ်လို့ မားကို့စ် ဂျူနီယာက ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်အစိုးရဟာ တရုတ်နဲ့ နှစ်နိုင်ငံကြား ရေပိုင်နက် တင်းမာမှုတွေအတွက် တရုတ်ပြည်မကြီး အစိုးရနဲ့ အကျပ်အတည်းဖြေရှင်းရေး hotline တစ်ခု ထူထောင်ဖို့ လုပ်ဆောင် နေတယ်လို့ မားကို့စ်က ဆိုပါတယ်။ မကြာမီ ပေါ်ပေါက်လာဖို့ကိုလည်း သူက မျှော်လင့်ထား ပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ ၁၉၅၁ အပြန်အလှန် ကာကွယ်ရေးစာချုပ်အတွက် လမ်းညွှန်ချက်အသစ်တွေကို ဖိလစ်ပိုင်အစိုးရက တောင်းဆိုခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက သူ့ရဲ့ ကာကွယ်ရေးဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းပြောကြားဖို့ သဘောတူညီခဲ့ကြပါတယ်။
ဖိလစ်ပိုင်နဲ့ ကာကွယ်ရေး မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုက အာမခံ ထားပေမယ့် ဖိလစ်ပိုင်အစိုးရက မတူညီတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင်ကို ထင်ဟပ်စေဖို့ နှစ် ၇၀ သက်တမ်းရှိပြီဖြစ်တဲ့ သဘောတူညီချက်ကို မွမ်းမံပြင်ဆင်ဖို့ လိုတယ်လို့ စောဒကတက် ခဲ့ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်က အခုထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေထဲမှာ တောင်တရုတ်ပင်လယ် ဝန်းကျင်က ဘယ်နိုင်ငံကို မဆို လက်နက်ကိုင်တိုက်ခိုက်ရင် အပြန်အလှန် ကာကွယ်ရေး ကတိကဝတ်တွေ ထားမယ်လို့ အတိအကျဖော်ပြထားပါတယ်။
နောက်တစ်ခုက ကမ်းရိုးတန်းစောင့် ရေယာဉ်တွေဟာလည်း ကာကွယ်စောင့်ရှောက်ခံ စာရင်းထဲမှာ ပါဝင်တယ်လို့ သတ်မှတ်ထားပါတယ်။
အချိုးမညီတဲ့ ပေါင်းစပ်ထားပြီး ပုံမမှန်တဲ့ စစ်ပွဲတွေနဲ့ မီးခိုးရောင်ဇုန် နည်းဗျူဟာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း လမ်းညွှန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ကြီးမားကျယ်ပြန့်တဲ့ နယ်မြေပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဖို့ တရုတ်ကမ်းခြေစောင့်တပ်နဲ့ ငါးဖမ်းသင်္ဘောတွေကို သုံးပြီး ပိတ်ဆို့တားဆီးတာ၊ ခြိမ်းခြောက်တာ၊ စွမ်းအင် ရှာဖွေရေးနဲ့ ငါးဖမ်းတာကို နှောင့်ယှက်တာအပါအဝင် စစ်ရေးနည်းလမ်းတွေကို ဖော်ပြရာမှာ “မီးခိုးရောင်ဇုန် နည်းဗျူဟာ” ဆိုတဲ့ စကားစုကို မကြာခဏ ဆိုသလို သုံးလေ့ ရှိပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ ကမ်းရိုးတန်း အစောင့်တပ်ကို သူ့ရေပိုင်နက်အတွင်း တရားဥပဒေနဲ့ အညီ ထိန်းသိမ်းထားပါတယ်။
တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မီရှဲနဲ့ တရုတ်ခေါင်းဆောင်တွေဟာ ခုသီတင်းပတ်အတွင်း တွေ့ဆုံမှာဖြစ်ပြီး တရုတ်နဲ့ ဥရောပကြား ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
မီရှဲလ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ တရုတ်နိုင်ငံဆီသွားမှာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တခြားအကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ ကျောက်လိကျန်းက မြို့တော်ဘေဂျင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားပါတယ်။
"ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ် မီရှဲဟာ တရုတ်ဝန်ကြီးချုပ် လီခါ့ချိန်၊ တရုတ်ကွန်မြူနစ် ပါတီ ဥက္ကဋ္ဌ လီကျန်းရှုတို့နဲ့လဲ အသီးသီး တွေ့ဆုံမယ်။ နှစ်ဖက် ခေါင်းဆောင် တွေဟာ တရုတ်-အီးယူ ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ ဒေသတွင်း ဘုံစိုးရိမ်မှုဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ချင်း နက်နက်ရှိုင်းရှိုင်း ဖလှယ်ကြလိမ့်မယ်”လို့ ကျောက်လိကျန်းက ပြောပါတယ်။
အစည်းအဝေးတွေကတဆင့် တရုတ်နိုင်ငံဟာ ဥရောပနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့လဲ ကျောက်လိကျန်းက ပြောပါတယ်။
"တရုတ်နိုင်ငံဟာ ဥရောပနဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလွန်အရေးကြီးတယ်၊ ဥက္ကဋ္ဌမီရှဲရဲ့ ခရီးစဉ်က တဆင့် EU နဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဖို့ ဆန္ဒရှိတယ်၊ ရှုပ်ထွေးပြီး တုန်လှုပ်ချောက်ချားစရာ နိုင်ငံတကာ အခြေအနေထဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပြီး တည်ငြိမ်မှု ပိုမိုရရှိစေမယ်” လို့ ကျောက်လိကျန်းက ပြောခဲ့ပါတယ်။