ဥရောပနှင့် ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းနေဟု တရုတ်အစိုးရပြော

တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မီရှဲနဲ့ တရုတ်ခေါင်းဆောင်တွေဟာ ခုသီတင်းပတ်အတွင်း တွေ့ဆုံမှာဖြစ်ပြီး တရုတ်နဲ့ ဥရောပကြား ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
မီရှဲလ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ တရုတ်နိုင်ငံဆီသွားမှာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တခြားအကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ ကျောက်လိကျန်းက မြို့တော်ဘေဂျင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားပါတယ်။
"ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ် မီရှဲဟာ တရုတ်ဝန်ကြီးချုပ် လီခါ့ချိန်၊ တရုတ်ကွန်မြူနစ် ပါတီ ဥက္ကဋ္ဌ လီကျန်းရှုတို့နဲ့လဲ အသီးသီး တွေ့ဆုံမယ်။ နှစ်ဖက် ခေါင်းဆောင် တွေဟာ တရုတ်-အီးယူ ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ ဒေသတွင်း ဘုံစိုးရိမ်မှုဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ချင်း နက်နက်ရှိုင်းရှိုင်း ဖလှယ်ကြလိမ့်မယ်”လို့ ကျောက်လိကျန်းက ပြောပါတယ်။
အစည်းအဝေးတွေကတဆင့် တရုတ်နိုင်ငံဟာ ဥရောပနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့လဲ ကျောက်လိကျန်းက ပြောပါတယ်။
"တရုတ်နိုင်ငံဟာ ဥရောပနဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလွန်အရေးကြီးတယ်၊ ဥက္ကဋ္ဌမီရှဲရဲ့ ခရီးစဉ်က တဆင့် EU နဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဖို့ ဆန္ဒရှိတယ်၊ ရှုပ်ထွေးပြီး တုန်လှုပ်ချောက်ချားစရာ နိုင်ငံတကာ အခြေအနေထဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပြီး တည်ငြိမ်မှု ပိုမိုရရှိစေမယ်” လို့ ကျောက်လိကျန်းက ပြောခဲ့ပါတယ်။