close

ဆက်လက်တိုက်ပွဲဝင်

close

November 1, 2022

အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသော်လည်း ဆက်လက်တိုက်ပွဲဝင်မည်ဟု IUF အဖွဲ့ ကြေညာ

ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Inya Urban Force - IUF က ရဲဘော်တချို့ ဖမ်းဆီးခံလိုက်ရပြီးနောက် ကျန်တပ်ဖွဲ့ဝင်တွေ လွတ်မြောက်နယ်မြေကို ပြောင်းရွှေ့နိုင်ခဲ့ပြီး တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Inya Urban Force - IUF က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရဲဘော်တွေရဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်သလို ကျန်ရဲဘော်တွေနဲ့ ရန်ကုန်မြို့ လွတ်မြောက်ပြီး စစ်အာဏာရှင်စနစ် ကျရှုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နဲ့ သားမက်ဖြစ်သူ အပါအဝင် လူ ၈ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ Inya Urban Force -IUF မှ တပ်ဖွဲ့ဝင် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ကို  အောက်တိုဘာလ ပထမပတ်မှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်မှာ ကြေညာထားပါတယ်။

IUF မြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ မြေပြင်သတင်းထောက်လှမ်းတာ၊ စစ်ကောင်စီဒေါက်တိုင်နဲ့ ခေါင်းဆောင်တွေကို ရှင်းလင်းတာနဲ့ တခြားပြောက်ကျားတပ်ဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

51 seconds Ago

October 10, 2020

အကူညီလိုနေသည့် ကလေးများအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟု ရက်ဖို့ဒ်ပြော

အကူအညီလိုအပ်နေတဲ့ ကလေးတွေကို ထောက်ပံ့ပေးဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်က အခိုင်အမာပြောဆိုခဲ့ပါတယ်။  ဂုဏ်ထူးဆောင် MBE ဘွဲ့ချီးမြှင့်ခံရတော့မယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်မှာ အခုလိုပြောဆိုခဲ့တာပါ။  ၂၀၂၀ ပြည့်နှစ် ဗြိတိန်ဘုရင်မကြီး မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစာရင်း ဇွန်လက ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမယ့် ဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။  အသက် ၂၂ နှစ်အရွယ် ရက်ဖို့ဒ်ဟာ ထင်ရှားတဲ့ ကမ်ပိန်းတခုကို ဦးဆောင်ပြုလုပ်ခဲ့ပြီး ဒီရလဒ်ကြောင့် ကျောင်းပိတ်ထားစဉ်ကာလတွင်း အကူအညီလိုအပ်နေတဲ့ ကလေးတွေဟာ အစိုးရကနေ အခမဲ့ပေးတဲ့ အစားအစာထောက်ပံ့မှုကို ရရှိခဲ့ပါတယ်။  အင်္ဂလန်တိုက်စစ်မှူးဟာ ဗြိတိန်ရဲ့အကြီးမားဆုံး စူပါမားကတ်တွေ၊ အစားသောက်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ကလေးသူငယ် အစားအစာထောက်ပံ့ရေးလုပ်ငန်းစဉ်ကိုလည်း ချမှတ်ဆောင်ရွက်နေပါတယ်။ မားကပ်စ်ရက်ဖို့ဒ်က “ကျနော်အရမ်းကို ဂုဏ်ယူမိပါတယ်။ လူမည်းလူငယ်တစ်ယောက်အနေနဲ့ ဒီလိုမျိုး ဂုဏ်ပြုမှုကိုရရှိဖို့ မတွေးခဲ့မိပါဘူး။ အသက် ၂၂ နှစ်အရွယ်မှာ ရရှိဖို့ဆိုတာလဲ ဘယ်လိုမှ မစဉ်းစားခဲ့မိပါဘူး။ ဒီအခိုက်အတန့်ဟာ ကျနော်နဲ့ ကျနော့်မိသားစုအတွက် အရမ်းကိုထူးခြားလွန်းပါတယ်။ အဓိကကတော့ ကျနော့်အမေက ဒီဂုဏ်ပြုမှုနဲ့ပိုပြီး ထိုက်တန်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ကလေးတွေကို ကာကွယ်ပေးဖို့ တိုက်ပွဲက အောင်မြင်ဖို့ အလှမ်းဝေးနေတုန်းပါပဲ။ ကျနော်တို့ရဲ့ လက်ရှိလုပ်ငန်းစဉ်က မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပြီး အောက်တိုဘာလမှာလည်း ကလေးတွေအတွက် ဆက်လက်ထောက်ပံ့သွားဖို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို လေးလေးစားစားနဲ့ တောင်းဆိုသွားပါမယ်” လို့ ပြောပါတယ်။ ဗြိတိန်မှာရှိတဲ့ ဘယ်ကလေးကမှ ဆာလောင်မှုတွေနဲ့ အိပ်ရာမဝင်သင့်ဘူးဆိုတဲ့ အယူအဆကို ဆက်လက်ဆုပ်ကိုင်ပြီး တိုက်ပွဲဝင်သွားဖို့နဲ့ စားဖို့အစားအစာ မရှိတာဟာ ကလေးတွေရဲ့အပြစ်မဟုတ်ဘူးလို့လည်း  ရက်ဖို့ဒ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
2 years Ago
Up