close

အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသော်လည်း ဆက်လက်တိုက်ပွဲဝင်မည်ဟု IUF အဖွဲ့ ကြေညာ

ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Inya Urban Force - IUF က ရဲဘော်တချို့ ဖမ်းဆီးခံလိုက်ရပြီးနောက် ကျန်တပ်ဖွဲ့ဝင်တွေ လွတ်မြောက်နယ်မြေကို ပြောင်းရွှေ့နိုင်ခဲ့ပြီး တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Inya Urban Force - IUF က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရဲဘော်တွေရဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်သလို ကျန်ရဲဘော်တွေနဲ့ ရန်ကုန်မြို့ လွတ်မြောက်ပြီး စစ်အာဏာရှင်စနစ် ကျရှုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နဲ့ သားမက်ဖြစ်သူ အပါအဝင် လူ ၈ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ Inya Urban Force -IUF မှ တပ်ဖွဲ့ဝင် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ကို  အောက်တိုဘာလ ပထမပတ်မှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်မှာ ကြေညာထားပါတယ်။

IUF မြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ မြေပြင်သတင်းထောက်လှမ်းတာ၊ စစ်ကောင်စီဒေါက်တိုင်နဲ့ ခေါင်းဆောင်တွေကို ရှင်းလင်းတာနဲ့ တခြားပြောက်ကျားတပ်ဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up