close

ဆန္ဒခံယူပွဲ

close

September 24, 2022

ရုရှားကျင်းပမည့် ဆန္ဒခံယူပွဲကို ယူကရိန်းစစ်ရှောင်ပြည်သူများ ပြစ်တင်ရှုတ်ချ

ယူကရိန်းဆီကနေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေအတွက် ရုရှားက ဆန္ဒခံယူပွဲကျင်းပမယ့် အစီအစဉ်ကို ယူကရိန်းနိုင်ငံ ခါဆွန်နဲ့ ဇာပိုရစ်ဇီးယား စစ်ဘေးရှောင်တွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ 

ခါဆွန်ဒေသမှ အသက် ၄၁ နှစ်အရွယ် တာတီယာနာကတော့ ဆန္ဒခံယူပွဲကို ကန့်ကွက်ကြောင်းနဲ့ ယူကရိန်းပိုင်တဲ့ ငါတို့မြို့ ငါတို့မြေမှာ ရုရှားတွေအတွက် နေရာမရှိဘူးလို့ ပြောလိုက်ပါတယ်။ 

ခါဆွန်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ဗာစီးလီကလည်း ဆန္ဒခံယူပွဲကို လုံးဝကန့်ကွက်ကြောင်းနဲ့ ခါဆွန်ဒေသဟာ ယူကရိန်းပိုင်နက်ပဲ ဖြစ်ကြောင်း ပြောဆိုပါတယ်။ 

မေလကတည်းက ဒုက္ခသည်တွေ ဖြစ်လာရလို့ အခုလက်ရှိ ဘာတွေဖြစ်နေမှန်းတောင် မသိရသေးဘူးလို့ ဆိုပါတယ်။ 

ယူကရိန်းရဲ့ ဒေသ ၄ ခုမှာ သိမ်းပိုက်ထားတဲ့ နယ်မြေတွေက ရုရှားခန့်အပ် ခေါင်းဆောင်တွေဟာ အခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံထဲကို ဝင်ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲ ပြုလုပ်မယ့် အစီအစဉ်တွေကို ချမှတ်ခဲ့တာပါ။ 

ရုရှားအာဏာပိုင်တွေကတော့ ဒီလုပ်ရပ်ဟာ မော်စကိုပိုင် နယ်မြေအဖြစ် တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ ကာကွယ်ရမယ့်ကိစ္စရပ်အဖြစ် ပုံဖော်ထားပါတယ်။ ယူကရိန်းကတော့ ဒါဟာ ရုရှားက စတန့်လုပ်တာ ဆိုပြီး ပယ်ချထားပါတယ်။ 

4 mins Ago

September 3, 2022

ချီလီနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲကျင်းပမည်

ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲအတွက် မဲဆွယ်စည်းရုံးမှုကို အဆုံးသတ်လိုက်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူ ၁၅ သန်းလောက်ဟာ စက်တင်ဘာ ၄ ရက်နေ့မှာ မဲပေးကြဖို့ရှိနေပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုအဆိုပြုထားတဲ့ ထောက်ခံသူတွေ ပါဝင်တဲ့ လူထောင်ပေါင်းများစွာဟာ ဆန်တီယာဂိုက ပွဲအခမ်းအနားတွေမှာ  မဲဆွယ်စည်းရုံးမှုတွေ စက်တင်ဘာ ၁ ရက်နေ့က  ပြီးဆုံးသွားတာပါ။

ဒီဖွဲ့စည်းပုံအသစ်ဟာ တစ်နှစ်ကျော်ကြာ ရေးဆွဲခဲ့တာဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးအကြား တန်းတူညီမျှမှုအကြောင်း ထည့်သွင်းထားတဲ့ စာသားအသစ်ကို ထောက်ခံတဲ့အကြောင်း ထောင်နဲ့ချီတဲ့လူတွေက မြို့တော်ရဲ့အဓိကလမ်းမပေါ်မှာ စုဝေးပြီး ကြွေးကြော်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဆန့်ကျင်တဲ့အဖွဲ့တွေကလည်း ချီလီမြို့တော်က ဟိုတယ်တစ်ခုမှာ စုဝေးခဲ့ကြပြီး စက်တင်ဘာ ၄ ရက်မှာ အဲဒီစာသားကို ဆန့်ကျင်မဲပေးရေး နိုင်ငံသားတွေကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ချီလီနိုင်ငံသားတွေထဲမှာလည်း ဒါကိုထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ ဆိုပြီး သဘောကွဲလွဲနေပါတယ်။ 

မညီမျှမှုကို ဆန့်ကျင်တဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေက ကမ္ဘာ့ထိပ်တန်း ကြေးနီထုတ်လုပ်တဲ့ နိုင်ငံကို အုံကြွသွားစေပြီး တနှစ်အကြာ ၂၀၂၀ ပြည့်နှစ်မှာ ချီလီနိုင်ငံသား ၈၀ ရာခိုင်နှုန်းနီးပါးက ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့ မဲပေးခဲ့ကြပါတယ်။

ဒါပေမဲ့ထောက်ခံမှု ကျဆင်းသွားပြီး စစ်တမ်းတွေမှာ မဲဆန္ဒရှင်တွေဟာ စာသားအသစ်ကို ငြင်းပယ်မယ့် အလားအလာ ပိုများကြောင်း ပြနေပါတယ်။

လူမှုရေးအခွင့်အရေးတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးကို အာရုံစိုက်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဟာ ဩဂတ်စ်တိုပီနိုချေး လက်ထက်က စတင်ပြီး ဈေးကွက်ကို ဖော်ဆောင်ရေးဆွဲထားတဲ့ လက်ရှိဖွဲ့စည်းပုံကနေ သိသိသာသာ ပြောင်းလဲသွားတာဖြစ်ပါတယ်။ 

3 weeks Ago
Up