close

ဆန္ဒထုတ်ဖော်

close

June 26, 2022

အော်စလိုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် လမ်းတွေပေါ် ချီတက်ဆန္ဒထုတ်ဖော်

နော်ဝေနိုင်ငံရဲ့ မြို့တော်အော်စလိုမှာ လူသေဆုံးရတဲ့ သေနတ်ပစ်ခတ်မှုဖြစ်ပြီး  ကျား၊ မ လိင်စိတ်ခံယူချက် ကွဲလွဲသူတွေ (LGBTQ) ရဲ့ ချီတက်ပွဲ ဖျက်သိမ်းခဲ့ရပေမဲ့ ပြည်သူတွေဟာ အော်စလိုမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ချီတက်ဆန္ဒထုတ်ဖော်ကြပါတယ်။

Oslo Pride ချီတက်ပွဲကို ရဲတွေရဲ့ အကြံပေးချက်အရ  စီစဉ်သူတွေက ဖျက်သိမ်းခဲ့ပေမဲ့ ထောင်ပေါင်းများစွာသော လူအုပ်ကြီးက အော်စလိုမြို့လယ်မှာ စတင်စုရုံးခဲ့ပြီး သက်တံ့အလံတွေကို ဝှေ့ယမ်းရင်း မြို့ထဲလမ်းတွေတလျှောက် ချီတက်ခဲ့ကြပါတယ်။

“ငါတို့ဒီမှာရှိတယ်၊ ငါတို့ စိတ်ဆိုးတယ်၊ ငါတို့ပျောက်မသွားဘူး” လို့လည်း ချီတက်သူတွေက ဟစ်ကြွေးခဲ့ကြပါတယ်။

စနေအစောပိုင်းက သေနတ်သမားတယောက်ရဲ့ ရမ်းသန်းပစ်ခတ်မှုအပြီး လူ ၂ ယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တာပါ။

လိင်စိတ်ခံယူချက် ကွဲလွဲသူတွေ (LGBTQ) အတွက် အချက်အခြာဖြစ်ရာ  အော်စလိုမှာရှိတဲ့  လန်ဒန်အရက်ဆိုင်ရဲ့ အတွင်းနဲ့ အပြင်မှာ တိုက်ခိုက်ခံ ခဲ့ရတာပါ။ 

သံသယရှိသူ နော်ဝေနိုင်ငံသား အသက် ၄၂ နှစ်အရွယ် အမျိုးသားဟာ အီရန်နိုင်ငံဖွားဖြစ်ပြီး ၂၀၁၅ တည်းက ထောက်လှမ်းရေးတွေက သတိထားမိတဲ့ အစွန်းရောက် အစ္စလာမစ် တယောက်လို့ ယုံကြည်ထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

14 mins Ago

May 29, 2021

ဖိအားပေးကျောင်းအပ်ခိုင်းသဖြင့် သရက်ကုန်းကျေးရွာ ကျောင်းသားနှင့်မိဘများ ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ် ရွှေကူမြို့နယ် သရက်ကုန်းကျေးရွာ အထက်တန်းကျောင်း (ခွဲ) မှာ NonCDM ဆရာ/ဆရာမတွေက ကျောင်းလာအပ်ကြဖို့ မိဘတွေကို ဖိအားပေးနေတာတွေကြောင့် မိဘတွေနဲ့ ကျောင်းသားတွေက မေလ ၂၉ ရက်နေ့မနက်က ကျေးရွာအတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အဆိုပါ သရက်ကုန်းကျေးရွာ အထက(ခွဲ) ကျောင်းမှာ ၂၀၁၉ ပညာသင်နှစ်စာရင်းအရ ကျောင်းသားဦးရေ ၂၀၀ ကျော်ရှိပြီး အခုစစ်ကောင်စီလက်ထက်မှာ ကျောင်းအပ်သူ ၆၀ ဝန်းကျင်၊ သင်ကြားရေးဝန်ထမ်း ၂၁ ယောက်မှာ CDM ဝန်ထမ်း ၆ ဦးသာရှိတယ်လို့ သိရပါတယ်။

ဒေသခံကျောင်းသားမိဘတစ်ဦးက “သူတို့ကဖုန်းနဲ့လည်း ဆက်တယ်၊ လူကြုံနဲ့လည်း ပြောခိုင်းတာတွေရှိတယ် ကျောင်းလာအပ်ကြဖို့ပေါ့။ အခုလာမအပ်ရင် နောက်ပိုင်း ဘယ်အစိုးရတက်တက် အဲ့ဒိကျောင်းသား ကျောင်းတက်လို့မရအောင် မင်နီတားခဲ့မှာလို့ ခြိမ်းခြောက်တာ၊ အဲ့ဒါကိုကြောက်ပြီး သွားအပ်သူတွေလည်း ရှိတာပေါ့နော်။ ဒီနေ့ နေ့လယ်အထိဆို ၆၀ လောက်ရှိသွားပြီလို့သိရတယ်။ ၂၀၁၉ စာရင်းအရဆို သုံးပုံတစ်ပုံပေါ့ ကျမတို့ကတော့ သူတို့ဘယ်လို ဖိအားပဲပေးပေး အပ်မှာမဟုတ်ဘူး။ ကိုဗစ်ကပြန်ထလာနေတယ်လေ၊ ပြီးတော့ နိုင်ငံတော်အာဏာကို လိမ်လည်သိမ်းယူထားသူတွေရဲ့လက်အောက်က ပညာရေးက ကလေးအတွက်အသုံးမဝင်နိုင်ဘူး။  အဲ့ဒိတော့ဘယ်လိုစိတ်ချပြီး ကလေးကို ကျောင်းအပ်ရမှာလဲ” လို့ ပြောပါတယ်။

ပညာရေးနဲ့နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ ကျောင်းအပ်သာလက်ခံနေတာ ကျောင်းဖွင့်ဖို့က မသေချာဘူးလို့ သိရပါတယ်။

1 year Ago
Up