close

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့

close

March 18, 2023

ပြင်သစ်တွင် ပင်စင်သက်တမ်းတိုးသည့်အစီအစဉ်အပေါ် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်

ပြင်သစ်နိုင်ငံမှာ အစိုးရရဲ့  နိုင်ငံတော်အဆင့် ပင်စင်သက်တမ်းတိုးမြှင့်မယ့် အစီအစဉ်အပေါ် ဆန့်ကျင် ဆန္ဒပြမှု အသစ်တွေ ပေါ်ပေါက်လာခဲ့ပြီး မတ် ၁၇ ရက်က မြို့တော်ပဲရစ်မှာ ဆန္ဒပြသူတွေ နဲ့ အဓိက ရုဏ်းထိန်းရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ 

လက်ရှိမှာ နိုင်ငံတွင်းမငြိမ်မသက်မှု ကြီးထွား လာတာကြောင့် ဒီနှစ်စကတည်းက သပိတ်မှောက် ဆန္ဒပြလှိုင်းတွေနဲ့အတူ ပဲရစ်မြို့က လမ်းတွေပေါ်မှာလည်း အမှိုက်တွေ စုပုံလျက်ရှိပါတယ်။ 

ဒါဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ "အဝါရောင်အင်္ကျီ" အမည်ရ ဆန္ဒပြ လှုပ်ရှားမှုနောက်ပိုင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်း အတွက် နောက်ထပ် စိုးရိမ်ဖွယ်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ 

ပဲရစ်မြို့က အောက်လွှတ်တော်အဆောက်အအုံအနီး ပလက်စ် ဒီလာ ကွန်းကော့တ် ရင်ပြင်မှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးပစ်ခတ်ကာ ဝင်ရောက် ဖမ်းဆီးခဲ့တာ ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

သမ္မတ မက်ခွန်းက ပင်စင်စနစ်ပြန်လည်ပြင်ဆင်မှုအပေါ် ခုခံပြောဆိုကာ လွှတ်တော်မဲခွဲမှု မပါဝင်ဘဲ တွန်းအားပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဒီလိုစနစ်မကျမှုနဲ့ ပက်သက်ပြီး ပြီးခဲ့တဲ့ မတ် ၁၇ ရက်က ပြသာနာဖြစ်ပွားခဲ့တာပါ။ 

ပြင်သစ်နိုင်ငံက နိုင်ငံတော်အဆင့် ပင်စင်သက်တမ်းကို ၆၄ နှစ်အထိ ၂နှစ်တိုးမြှင့်လိုက်တာဖြစ်ပြီး အစိုးရကတော့ ဒီပင်စင်စနစ် ပြိုလဲမသွားအောင် သေချာစေဖို့အတွက် ဒါကို မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ တုံ့ပြန်ထားပါတယ်။ 

မဲဆန္ဒရှင်အများစု  နဲ့ သမဂ္ဂတွေကတော့ ဒီအပေါ်မှာ သဘောမတူပါဘူး။ စီပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း (OECD) အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ပြင်သစ်နိုင်ငံရဲ့ တရားဝင်အငြိမ်းစားယူရမယ့် အသက်ဟာ ၆၂ နှစ် ဖြစ်တာကြောင့် ဒီနိုင်ငံတွေထဲမှာ အနိမ့်ဆုံးဖြစ်ပါတယ်။

13 hours Ago

February 5, 2023

ပီရူးနိုင်ငံတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်

ပီရူးနိုင်ငံမှာ နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားနေရာမှာ ဖေဖော်ဝါရီ ၄ ဆန္ဒပြသူတစ်စုနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အဓိကရုဏ်း နှိမ်နင်းရေးရဲအရာရှိတွေက လူစုလူဝေးကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ သမ္မတဘိုလူအာတီ နုတ်ထွက်ဖို့၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပဖို့၊ လွှတ်တော်တွေကို ပိတ်ပစ်ဖို့နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အယ်လ်ဘာတို ဖှုဂျိမိုရိလက်ထက်က စျေးကွက်နဲ့ လိုက်ဖက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံဥပဒေအသစ်နဲ့ အစားထိုးဖို့ တောင်းဆိုနေကြပါတယ်။

သမ္မတဟောင်း ပေဒရို ကတ်စတီလို ရာထူးကနေ ဖြုတ်ချခံရချိန် ဒီဇင်ဘာလက စပြီး ဆန္ဒပြခဲ့ကြတဲ့ မငြိမ်မသက်မှုတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။

ဆန္ဒပြတာတွေဟာ  ပီရူးရဲ့ ကျေးလက်နဲ့ တောင်ထူထပ်တဲ့ ဒေသမှာ အစပိုင်းက အဓိက အာရုံစိုက်ခဲ့ပြီး ခုတော့ မြို့တော်မှာပါ ပျံ့လာခဲ့ပါတယ်။

ပီရူးလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲကို ၂၀၂၆  ကနေ ၂၀၂၄ ဆီရွှေ့ဖို့ ကနဦးက မီးစိမ်းပြခဲ့ပေမယ့် အခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ အဆိုပြုချက်တွေကို အခုသီတင်းပတ်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ကန့်ကွက်မဲနဲ့ ဖြုတ်ချခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဘိုလူအာတီက ရွေးကောက်ပွဲ မကျင်းပမချင်း သမ္မတအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။ 

1 month Ago
Up