မန်ယူတောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချို ခြေစွမ်းပြနိုင်ဖို့ဆိုရင် ပိုကောင်းတဲ့ ညာနောက်ခံလူခေါ်ယူ ဖို့လိုအပ်ကြောင်း ပေါလ်စခိုးလ်က တိုက်တွန်းလိုက်ပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ မန်ယူနဲ ၂၄ ပွဲကစားအပြီးမှာ ၅ ဂိုးသွင်းယူထားပါတယ်။ ဆန်ချို ဟာ အခုနှစ်ရာသီမှာ လုံလောက်တဲ့ ခြေစွမ်းမပြသနိုင်သေးကြောင်း၊ ခြေစွမ်းပြသနိုင်ဖို့ဆိုရင် သူ့ရဲ့ဘေးမှာ မှန်ကန်တဲ့ ကစားသမားတွေ လိုအပ်ပြီး ညာနောက်ခံလူကောင်းတစ်ဦးလည်း လိုအပ်ကြောင်း ပေါလ်စခိုးလ်က ပြောပါတယ်။
ဒေါ့မွန်အသင်းမှာကတည်းက ဟာကီမီလို ညာနောက်ခံလူတစ်ဦးနဲ့ တွဲဖက်ကစားခဲ့ရချိန်မှာ ခြေစွမ်းပိုမိုကောင်းမွန်ကြောင်း၊ မန်ယူအသင်းအနေနဲ့လည်း ခြေစွမ်းကောင်းမွန်တဲ့ ညာနောက်ခံလူတစ်ဦး ဝယ်ယူပေးနိုင်မယ်ဆိုရင် ဆန်ချိုအတွက်ခြေစွမ်းပြနိုင်မယ့် အခြေအနေဖြစ် လာနိုင်ကြောင်း ပေါလ်စခိုးလ်က ပြောပါတယ်။
ခြေစမ်းပွဲတိုင်းကို အနိုင်ကစားဖို့ နည်းပြတန်ဟတ်ဂ်က အသင်းသားတွေကို တိုက်တွန်းပြော ကြားထားကြောင်း မန်ယူတောင်ပံတိုက်စစ်မှူးဆန်ချိုက ပြောပါတယ်။
မန်ယူနည်းပြသစ်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေကတည်းက အနိုင်ရလဒ်မဖြစ်မနေရယူဖို့ မှာကြားထားပြီး ကစားခဲ့သမျှ ခြေစမ်းပွဲ ၃ ပွဲစလုံးကိုလည်း အနိုင်ရအောင်ကစားနိုင်ခဲ့တာပါ။ ကစားသမားအားလုံးက နည်းပြ တန်ဟတ်ဂ်ရဲ့စကားကို နားထောင်ကြပြီး အစွမ်းကုန်ကြိုးစား ကစားခဲ့တယ်လို့ တောင်ပံ ကစား သမားဆန်ချိုက ပြောပါတယ်။
“သူက အသင်းသားအားလုံးကို ခြေစမ်းပွဲတိုင်း မဖြစ်မနေ အနိုင်ကစားဖို့ ပြောထားပါတယ်။ သူက ကျနော်တို့ကို အကောင်းဆုံးခြေစွမ်းထုတ်ပြစေချင်ပြီး ကျနော်တို့ကလည်း မန်နေဂျာရဲ့စကားကို နားထောင်ပြီး အကောင်းဆုံးခြေစွမ်းရအောင်ကစားကြတယ်။ ဒါက စစ်မှန်တဲ့ ယုံကြည်မှု တိုးပွားစေတယ်။ ဒီကစားသမားတွေနဲ့ ကစားနေကြတာဖြစ်ပေမယ့် ရာသီကြိုခြေ စမ်းပွဲတွေမှာတော့ တစ်သင်းလုံးက ကွဲပြားခြားနားတဲ့အသင်းဖြစ်သွားတယ်။ ကျနော်တို့ ပိုပြီးကောင်းမွန်လာတယ်လို့ခံစားရတယ်” လို့ ဆန်ချိုက ပြောပါတယ်။
လာမယ့်ရာသီက ဒုတိယမြောက်ရာသီဖြစ်လို့ ပိုမိုအသားကျလာပြီး ခြေစွမ်းပြသနိုင်ဖို့ ပိုမိုကြိုးပမ်းသွားမယ်လို့လည်း ဆန်ချိုကပြော သွားပါတယ်။