ခြေစမ်းပွဲတိုင်းကို အနိုင်ကစားရန် နည်းပြတန်ဟတ်ဂ်က တိုက်တွန်းထားကြောင်း ဆန်ချိုပြော

ခြေစမ်းပွဲတိုင်းကို အနိုင်ကစားဖို့ နည်းပြတန်ဟတ်ဂ်က အသင်းသားတွေကို တိုက်တွန်းပြော ကြားထားကြောင်း မန်ယူတောင်ပံတိုက်စစ်မှူးဆန်ချိုက ပြောပါတယ်။
မန်ယူနည်းပြသစ်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေကတည်းက အနိုင်ရလဒ်မဖြစ်မနေရယူဖို့ မှာကြားထားပြီး ကစားခဲ့သမျှ ခြေစမ်းပွဲ ၃ ပွဲစလုံးကိုလည်း အနိုင်ရအောင်ကစားနိုင်ခဲ့တာပါ။ ကစားသမားအားလုံးက နည်းပြ တန်ဟတ်ဂ်ရဲ့စကားကို နားထောင်ကြပြီး အစွမ်းကုန်ကြိုးစား ကစားခဲ့တယ်လို့ တောင်ပံ ကစား သမားဆန်ချိုက ပြောပါတယ်။
“သူက အသင်းသားအားလုံးကို ခြေစမ်းပွဲတိုင်း မဖြစ်မနေ အနိုင်ကစားဖို့ ပြောထားပါတယ်။ သူက ကျနော်တို့ကို အကောင်းဆုံးခြေစွမ်းထုတ်ပြစေချင်ပြီး ကျနော်တို့ကလည်း မန်နေဂျာရဲ့စကားကို နားထောင်ပြီး အကောင်းဆုံးခြေစွမ်းရအောင်ကစားကြတယ်။ ဒါက စစ်မှန်တဲ့ ယုံကြည်မှု တိုးပွားစေတယ်။ ဒီကစားသမားတွေနဲ့ ကစားနေကြတာဖြစ်ပေမယ့် ရာသီကြိုခြေ စမ်းပွဲတွေမှာတော့ တစ်သင်းလုံးက ကွဲပြားခြားနားတဲ့အသင်းဖြစ်သွားတယ်။ ကျနော်တို့ ပိုပြီးကောင်းမွန်လာတယ်လို့ခံစားရတယ်” လို့ ဆန်ချိုက ပြောပါတယ်။
လာမယ့်ရာသီက ဒုတိယမြောက်ရာသီဖြစ်လို့ ပိုမိုအသားကျလာပြီး ခြေစွမ်းပြသနိုင်ဖို့ ပိုမိုကြိုးပမ်းသွားမယ်လို့လည်း ဆန်ချိုကပြော သွားပါတယ်။