close

ဆန်းချက်ဇ်

close

August 2, 2022

အင်တာနှင့် စာချုပ်ဖျက်သိမ်းပြီး မာဆေးသို့ပြောင်းရွှေ့ရန် ဆန်းချက်ဇ် ပြင်ဆင်

အင်တာမီလန် တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ စာချုပ်ဖျက်သိမ်းပြီး မာဆေးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

အာဆင်နယ်နဲ့ မန်ယူကစားသမားဟောင်းဟာ အင်တာမီလန်ဆီကနေ ပေါင် ၃ ဒသမ ၇၆ သန်းယူပြီး စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီထားတာပါ။

အသက် ၃၃ နှစ်ရှိ ချီလီတိုက်စစ်မှူးဟာ မနှစ်က စီးရီးအေမှာ ၈၈၆ မိနစ်သာ ကစားခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပါတယ်။

သူဟာ မန်ယူကနေ အင်တာဆီ ပြောင်းရွှေ့ပြီးနောက် တနှစ်လုပ်ခ ပေါင် ၅ သန်းခန့် ရရှိနေတာပါ။ စာချုပ်သက်တမ်း ကျန်ရှိနေပေမဲ့ ပေါင် ၃ ဒသမ ၇၆ သန်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီခဲ့တာပါ။

ဆန်းချက်ဇ်ဟာ ပြင်သစ်ကလပ် မာဆေးအသင်းဆီ ပြောင်းရွှေ့ဖို့ရှိနေပြီး ရက်ပိုင်းအတွင်းမှာ တရားဝင်ကြေညာသွားဖို့ ရှိနေပါတယ်။

4 mins Ago

December 25, 2021

လိုင်လီကွင်းလယ်ကစားသမား ဆန်းချက်ဇ်က အသင်းပြောင်းရွှေ့ကစားလို

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ တရားဝင်ကမ်းလှမ်းတဲ့အသင်း ရှိလာရင် အသင်းပြောင်းရွှေ့ ကစားမယ်လို့ လိုင်လီကွင်းလယ်လူ ဆန်းချက်ဇ်က အတည်ပြုပါတယ်။ 

ပေါ်တူဂီ ကွင်းလယ်လူ ဆန်းချက်ဇ်ဟာ မနှစ်က လိုင်လီနဲ့အတူ ပြင်သစ် လီဂူးဝမ်းချန်ပီယံ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ကလပ်အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

အေစီမီလန်နဲ့ အာဆင်နယ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတာ ဖြစ်နိုင်ပေမဲ့ အမှန်တကယ် မသိရှိသေးကြောင်း ပြင်သစ်သတင်းစာကို ဆန်းချက်ဇ်က ပြောသွားပါတယ်။ 

အသက် ၂၄ နှစ်ရှိ ပေါ်တူဂီ ကွင်းလယ်လူဟာ ဘိုင်ယန်နဲ့ ဆွမ်ဆီးအသင်းတွေမှာ ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ အတွေ့အကြုံကောင်းတွေ ရှိလာပြီဖြစ်လို့ ခြေစွမ်းပြနိုင်အောင် ဘယ်လိုကစားရမလဲဆိုတာ သိနေပြီလို့ ပြောသွားပါတယ်။

7 months Ago
Up